ကိုကိုးကျွန်း အရှေ့မြောက်ဘက်တွင် အင်အား ၄.၆ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
July 7, 2019
ဒီနေ့ နေ့လယ်ပိုင်းက မြန်မာ့ပင်လယ်ပြင် ကိုကိုးကျွန်းရဲ့ အရှေ့မြောက်ဘက် ၈၂ မိုင်ခန့်အကွာကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၃ နာရီ၊ ၂၄ မိနစ်၊ ၀၃ စက္ကန့်အချိန်က မြန်မာ့ပင်လယ်ပြင်၊ ကိုကိုးကျွန်းရဲ့ အရှေ့မြောက်ဘက် ၈၂ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၄.၈၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၃၇ ဒီဂရီ၊ အနက် ၇၆ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။