A d v e r t i s e m e n t With Us

လီဗာပူးက ကစားသမားဝယ်ယူမှု စတင်၊ လိုင်လီမှ ပီပီကိုခေါ်ယူရန် ကြိုးပမ်းနေ

ဥရောပချန်ပီယံ လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှုတွေ ဆက်ပြီးရဖို့အတွက် ကစားသမားဝယ်ယူအားဖြည့်မှူတွေ စတင်ပြုလုပ်လာပါတယ်။ ဂျာဂျင်ကလော့ပ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်ကတည်းက ငွေကြေးအမြောက်အမြားသုံးစွဲပြီး အသင်းကို တည်ဆောက်ခဲ့ပေမယ့် အခုနွေရာသီအပြောင်းအရွှေ့မှာတော့ ငြိမ်သက်နေခဲ့ပါတယ်။ လက်တလော လီဂူးကလပ် လိုင်လီအသင်းမှာ ကစားနေတဲ့ အိုင်ဗရီကိုစ့်တောင်ပံကစားသမား နီကိုးလက်စ်ပီပီကို ခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပြီး ဥရောပကလပ်အသင်းကြီးတွေနဲ့အပြိုင် ခေါ်ယူရဖို့ ရှိနေပါတယ်။ အသက် ၂၄ နှစ်အရွယ် ပီပီဟာ ပြီးခဲ့တဲ့ရာသီက လိုင်လီအတွက် ၂၂ ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ထားလို့ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ် စတဲ့အသင်းတွေကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာမှာတော့ လက်တလော မိခင်နိုင်ငံအသင်းနဲ့ အာဖရိကနိုင်ငံများဖလား ကစားနေလို့ ဖလားရရှိရေးကိုသာ အာရုံစိုက်ထားပြီး အေးဂျင့်နဲ့လွှဲထားကြောင်း၊ လီဗာပူးဟာ တောင်ပံကနေ ထိုးဖောက်တိုက်စစ်ဆင်တဲ့ ပုံစံနဲ့ ကစားတယ်ဆိုတာတော့ သိထားတယ်လို့ဆိုပါတယ်။ ဆုံးဖြတ်ချက်ချရမယ်ဆိုရင် အာဖရိကဖလားပွဲ ပြီးမှသာ စဉ်းစားမယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ ပီပီအတွက် လာရောက်ကမ်းလှမ်းတဲ့အသင်း ၂ သင်းရှိနေလို့ အကောင်းဆုံး စဉ်းစားပြီး ရွေးချယ်သင့်တယ်လို့ လိုင်လီအသင်းဘက်ကလည်း ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up