Home
မြန်မာသတင်း
ရှေးဟောင်းအမွေနှစ်များကြား ခေတ်သစ်အဆောက်အဦများ မရှိစေချင်ဟု save bagan အဖွဲ့ပြော
DVB
·
July 7, 2019
ယဉ်ကျေးမှုအမွေအနှစ်တွေ နားမှာ ခေတ်သစ်အဆောက်အအုံ၊ စီးပွားရေးအဆောက်အအုံမှ မရှိစေချင်ဘူးလို့ save bagan အဖွဲ့ ဦးဆောင်သူ ကိုမျိုးဆက်စံက ဒီဗွီဘီကို ပြောပါတယ်။ ပုဂံရှေးဟောင်း ယှဉ်ကျေးမှုဒေသကို ကမ္ဘာအမွေအနှစ် စာရင်းဝင်ဖြစ်သွားပေမယ့် ရှေးဟောင်းအမွေနှစ်တွေကြားက ခေတ်သစ်အဆောက်အဦတွေ ရှိနေသမျှ ရွှေရည်စိမ်တဲ့ ကမ္ဘာအမွေအနှစ်သာ ဖြစ်နေဦးမှာလို့ ဆိုပါတယ်။ “စိတ်ဝင်စားစရာက ဘာလဲဆိုရင် ကျနော်တို့ UNSCO ဝင်ပြီးကြော်ငြာသွားပြီ။ ပြည်သူ လူထုတွေအနေနဲ့ကြတော့ စည်းကမ်းဘောင်တွေအတိုင်းနေရပြီးတော့ ယခင်ကရှိပြီးသားတွေ ဒီအတိုင်းပဲ ဆက်ရှိသွားမယ် ဆိုရင်တော့ ကမ္ဘာ္ဘအမွေအနှစ်ဝင်ခြင်းသည် ရွှေရည်စိမ်တဲ့ ကမ္ဘာ အမွေအနှစ်လို့ ပြောလို့ရတယ်။ ဘာလိုလဲဆိုရင် ယဉ်ကျေးမှုအမွေအနှစ်တွေ နားမှာ မည်သည့် ခေတ်သစ်အဆောက်အအုံ၊ မည်သည့်စီးပွားရေးအဆောက်အအုံမှ မရှိစေချင်ဘူး။ အဲဒါကို နိုင်ငံတော်အနေနဲ့ ပြည်သူပြည်သား တနိုင်ငံလုံးသိအောင် ကြေညာပေးလိမ့်မယ်လို့ မျှော်လင့်တယ်။” Save baganမှ ကိုမြင့်ဇော်က “ဘာဖြစ်လာမလဲဆိုတော့ ကမ္ဘာအမွေအနှစ်စာရင်း ဝင်လိုက်တာနဲ့ ကျနော်တို့ရဲ့ ယဉ်ကျေးမှုတွေက ကမ္ဘာအဆင့်မီ  မြန်မာ့အမွေအနှစ်ကနေ ကမ္ဘာ့အမွေအနှစ်အဖြစ် ကမ္ဘာတည်သရွေ့တည်မြဲသွားမယ်၊ ဘာလို့လည်းဆိုတော့ စစ်ဖြစ်ပွားရင် တောင် UNSCO ဝင်ထားတဲ့ နေရာကို ကျည်တတောင့် ကျလို့မရဘူးလေ၊ အဲလို မထိန်းဘူး ဆိုရင်လည်း လက်ရှိအခြေအနေမှာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကိုယ်ကြိုးအမြတ်ကြည့်ပြီး ဝါးမျိုခြင်း ခံရတော့မယ်”  လို့ ပြောပါတယ်။ မြန်​မာနိုင်​ငံအတွင်းရှိ ပျူ၊ သ​ရေ​ခေတ်​တစ်​ရာ၊ ဗြိဿနိုးမြို့​ဟောင်း စတဲ့​ ရှေး​ဟောင်း ​ဒေသများကို ကမ္ဘာအ​မွေအနှစ်​စာရင်းဝင်​အဖြစ်​ ယခင်​အစိုးရ လက်​ထက်​ကထည့်​သွင်းထားခဲ့ပြီး ၂၀၁၅ ခုနှစ်​ မှာ ပထမအကြိမ်​ တင်​ခဲ့ပြီး အစိုးရအ​ပြောင်းအလဲ ​နောက်​ပို​င်း ၂၀၁၈ ခုနှစ်​ ဇန်​နရီ လက ပုဂံ​ဒေသကို ကမ္ဘာအ​မွေအနှစ်​ စာရင်းဝင်​နိုင်​​ရေးအတွက် ဆက်​လက်​တင်​ပြထားခဲ့တာပါ။ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ဇွန် ၃၀ ရက် မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့(UNESCO) ရဲ့ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးမှာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်လိုက်တာပါ။ ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024