A d v e r t i s e m e n t With Us

Wisdom Hil မူကြိုကျောင်းသူ မဖွယ်မရာပြုကျင့်ခံရမှု ကျောင်းအုပ်ဖြစ်သူနှင့်မေးမြန်းချက် (ရုပ်သံ)

Wisdom Hil မူကြိုကျောင်းသူလေးအား မဖွယ်မရာပြုကျင့်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရသူအနေနဲ့ မိနစ်အပိုင်းအခြားလေးအတွင်းမှာ ကျောင်းထဲ အခုလို ကလေးကို လိင်ပိင်းဆိုင်ရာ ကျူးလွန်မှု လုပ်ဆောင်ဖို့ဆိုတာဟာ တော်တော်ကို စဉ်းစားရခက်နေတဲ့ ကိစ္စဖြစ်နေတယ်လို့ ကျောင်းအုပ်ဖြစ်သူ ဦးပညာက ပြောပါတယ်။ နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ မေ ၁၇ ရက်နေ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တယောက် မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားပြီး ကျောင်းအနေနဲ့လည်း အမှုမှန်ပေါ်ရေးကို ပူးပေါင်းဆောင်ရွက်မယ်လို့ ကျောင်းအုပ်ကြီးက ပြောပါတယ်။ မူကြိုကျောင်းသူလေး မဖွယ်မရာပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး Wisdom Hill မူကြိုကျောင်းအုပ် ဦးပညာကို ဒီဗွီဘီသတင်းထောက် နေဖြိုးဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ ရုပ်သံကြည့်ရှုရန်

A d v e r t i s e m e n t With Us

More News
Up