A d v e r t i s e m e n t With Us

ပီအက်စ်ဂျီက နေမာအားရောင်းမည်ဟု ရီးရဲလ်အသင်းထံ ကမ်းလှမ်း

အပြောင်းအရွှေ့ကာလမှာ နာမည်ကြီးနေတဲ့ နေမာနဲ့ပတ်သက်လို့ ပီအက်စ်ဂျီ အသင်းဘက်ကနေ မထင်မှတ်တဲ့ သတင်းတခု ထွက်ပေါ်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းထံ နေမာကို ရောင်းထုတ်ဖို့ အခြေအနေ နှစ်မျိုးနဲ့ ပြင်သစ်ကလပ်ဘက်က ကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်ပေါ်လာတာပါ။ စပိန်ကလပ်ဟာ နေမာကို ခေါ်ယူနိုင်ဖို့ အတော်နီးစပ်ခဲ့ပေမယ့် ကစားသမားရဲ့ ဒဏ်ရာအခြေအနေတွေနဲ့ အကျင့်စရိုက်တွေကြောင့် လက်လျှော့သွားခဲ့တာဖြစ်နိုင်ကြောင်း သုံးသပ်ထားကြပါတယ်။ နေမာဟာ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အသင်းဖော်မက်ဆီရဲ့ လွှမ်းမိုးမှုကြောင့် ပြင်သစ်ထိပ်သီးဆီကို ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းမှာလည်း လူငယ်ကြယ်ပွင့်အန်ဘာပေး ရဲ့နောက်မှာပဲ ရှိနေတာကြောင့် အသင်းဟောင်းကိုပြန်ဖို့ စိတ်အားထက်သန်နေပါတယ်။ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ဟာ တင်းမာတဲ့ ဆက်ဆံရေးရှိထားတာကြောင့် နေမာအနေနဲ့ ကတ်တာလန်မြေကိုပြန်ဖို့ အစီအစဉ်ကတော့ ရာခိုင်နှုန်းနည်းပါးနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up