ကယ်လီဖိုးနီးယားတွင် ပြင်းအား ၇ ဒသမ ၁ ရှိ မြေငလျင် ခတ်

ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ မနေ့ညက ပြင်းအား ၇ ဒသမ ၁ ရှိတဲ့ အားပြင်း မြေငလျင် လှုပ်ခတ်ခဲ့ပြီး ထိခိုက် ဒဏ်ရာရတာတွေ၊ မီးလောင်မှုတွေနဲ့ အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီမြေငလျင်ဟာ ရစ်ဂ်ျခရက်စ် မြို့အနီး ည ၈ နာရီ ၂၀ မိနစ် က  လှုပ်ခဲ့ပြီး ပထမနေ့က လှုပ်ခဲ့တဲ့ ငလျင်ထက် ၈ ဆ ပိုမို အားကောင်းပါတယ်။ အဲဒီနောက်မှာတော့ ပြင်းအား ၄ အထက်ရှိတဲ့ နောက်ဆက်တွဲ မြေငလျင် ၁၆ ကြိမ်ထက် မနည်း လှုပ်ခဲ့တယ်လို့ USGS ကပြောပါတယ်။ USGS က လာမယ် ရက်တွေ အတွင်း ပြင်းအား - အဆင့်ရှိတဲ့ မြေငလျင်တွေ လှုပ်ဖို့ ၅၀ ရာခိုင်နှုန်း ရှိတယ်လို့  သတိပေးထားပါတယ်။ ရစ်ဂ်ျခရက်စ် မြို့တော်ဝန်က  မြေငလျင်ကြောင့် မီးလောင်တာတွေ၊ ဓာတ်ငွေ့ ယိုစိမ့်တာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ လျှပ်စစ်မီးပြတ်တောက်တာတွေရှိပြီး တာဝန်ရှိသူတွေ အနေနဲ့ အစွမ်းကုန်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ မြေငလျင်ကြောင့် ရေကူးကန်အတွင်း ရေတွေ ဘောင်ဘင်ခတ်နေပုံကို ကယ်လီဖိုးနီးယား ဒေသခံတွေက ဗွီဒီယိုရိုက်ပြီး upload တင်ခဲ့ပါတယ်။ မြေငလျင် သက်ရောက်မှုကို  ဟောလိဝုဒ်ကို လာရောက်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေလည်း ခံစားသိရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up