A d v e r t i s e m e n t With Us

ရေနံ​ချောင်းတွင်​ ​ကျောက်​တူးရာမှ​ ကျောက်​တုံးပိ၍ အမျိုးသားတဦး သေဆုံး

ရေနံ​ချောင်းမြို့၊ သစ်​တစ်​​ပွေရပ်​၊​ ရွှေဘုံသာအ​ရှေ့ပိုင်းမှာ ဒီနေ့နေ့လယ်ပိုင်းက ကျောက်​တူးရင်း ကျောက်​တုံးပိလို့ အမျိုးသားတဦး​ သေဆုံးခဲ့ပါတယ်။ ​သေဆုံးသူမှာ ဘေးမဲ့ရပ်​၊​ လေသာကုန်းရပ်​ကွက်​​နေ မိုးမင်း(ခ)ငကြွက်​ ဖြစ်ပြီး ​ကျောက်​တန်းစီးရာမှာ​ အသုံးပြု​တဲ့ ​ကျောက်​ကြီးတွေ ရှာ​ဖွေခွဲစိတ်​ရာမှ အခုလို ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒေသခံအဆိုအရ ​သေဆုံးသူဟာ ​ဒေသသုံး ​ကျောက်​တူး​ဖော်​​ရောင်းသူဖြစ်​ပြီး ​ကျောက်​တုံးကြီးများကို ခွဲစိတ်​ရာမှာ ​ကျောက်​​တုံးအောက်​မှာ ကျင်းတူး မီးမြှို​က်အပူ​ပေးပြီး ခွဲကြတာဖြစ်​ပြီး ​ဒေသခံတွေ ခန့်​မှန်း ၁၀ တန်​ခန့်​ရှိတဲ့ ​ကျောက်​တုန်းကြီးအားခွဲရန်​အတွက်​ ​အောက်​မှာ​ မီးထိုးဖို့ ​မြေကျင်းတူးရာက အမိုးကျထားလို့ ​မြေသားအိပြီး လူ​ပေါ်ပိ​ သေဆုံးတာလို့  သိရပါတယ်​။ ကိုလင်း(​ချောက်​)

A d v e r t i s e m e n t With Us

More News
Up