ရမ်းဗြဲတွင် စက်လှေတိမ်းမှောက်၊ လူ ၅ ဦး ပျောက်ဆုံးနေ
DVB
·
July 6, 2019
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှာ ဇူလိုင် ၅ ရက်နေ့က စက်လှေနစ်မြုပ်ခဲ့တာကြောင့် လူ ၅ ဦး ပျောက်ဆုံးနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၅ ရက်နေ့ မနက် ၉ နာရီက ရမ်းဗြဲမြို့နယ်၊ ဖောင်းခါကျေးရွာမှာ စတုကျွန်းအကြား ကလိန်တောင် မြစ်အတွင်းမှာ တောင်ကုတ်မှ ရမ်းဗြဲကို ဦးကုလားကြီး (ခ) ဦးသောင်းထွန်း (စိစစ်ဆဲ) မောင်းနှင်ပြီး လူ ၇ ဦး လိုက်ပါလာတဲ့ စက်လှေဟာ လှိုင်းလေပြင်းထန်ပြီး နစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စက်လှေမောင်းအပါအ၀င် ၃ ဦးကို အနီးဝန်းကျင်ရှိ ငါးဖမ်းစက်လှေတွေက ကယ်ဆယ်ရရှိခဲ့ပြီး ပျောက်ဆုံးနေသူ ၅ ဦး (ကျား ၄၊ မ ၁) အား တပ်မတော် (ရေ) က ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။