Home
မြန်မာသတင်း
စင်ကာပူ စစ်ရေယာဉ် ၂ စီး သီလ၀ါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာ
DVB
·
July 6, 2019
မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ စင်ကာပူရေတပ်မှ စစ်ရေယာဉ်  ၂ စီးဟာ ဇူလိုင် ၅ ရက်နေ့က သီလ၀ါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာသွားပါတယ်။ စစ်ရေယာဉ် RSS VALOUR နဲ့ RSS VALIANT တို့ဟာ ဇူလိုင် ၅ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားကနေ ပြန်လည်ထွက်ခွာသွားတာဖြစ်ပြီး တပ်မတော်(ရေ)မှ တာဝန်ရှိသူတွေနဲ့ စစ်သည်တွေ ပို့ဆောင်နှုတ်ဆက်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ အဆိုပါ စစ်ရေယာဉ်တွေမှာ Senior Lieutenant Colonel Nicholas Tan Boon Hwee ဦးစီးပြီး အရာရှိ၊ စစ်သည်စုစုပေါင်း ၁၄ဝ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံမှာ ဇူလိုင် ၃ ရက်ကနေ သုံးရက်ကြာခရီးစဉ် ကာလအတွင်း နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေ၊ ယှဉ်ပြိုင်ကစားတာနဲ့ ရန်ကုန်မြို့ရှိ အထင်ကရ နေရာတွေကို လေ့လာလည်ပတ်တာတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024