Home
မြန်မာသတင်း
အမာမြို့တွင် လေဆင်နှာမောင်းကြောင့် စာသင်ကျောင်း ၂ ကျောင်း အမိုးလန်ပျက်စီး
DVB
·
July 6, 2019
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်၊ အမာမြို့မှာ လေဆင်နှာမောင်းတိုက်ခက်မှုကြောင့် စာသင်ကျောင်းဆောင် ၂ ဆောင် အမိုးလှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အမာမြို ဘဝသစ်ကျေးရွာအုပ်စု၊ သမိန်ပုလဲကျေးရွာမှာ ဒီနေ့မနက် ၇ နာရီခွဲလောက်က လေးဆင်နှာမောင်း တိုက်ခိုက်ခဲ့တာကြောင့် သမိန်ပုလဲကျေးရွာ အ.မ.က (မူလွန်) မူလတန်းကျောင်းဆောင်နဲ့ စကူးလ်ရှပ်တာ ကျောင်းဆောင်တို့ အမိုးလန်ပျက်စီးတာပါ။ လေဆင်နှာမောင်းကြောင့် လူနဲ့တိစ္ဆာန်ဆုံးရှုံးပျက်စီးမှု မရှိဘူးလို့ သိရပါတယ်။ ကျောင်းသား ကျောင်းသူတွေ ကျောင်းပြန်ဖွင့်ချိန်အမီ ပညာသင်ကြားနိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းကော်မတီဝင်တွေ၊ ယာယီကျောင်းအုပ်ဆရာကြီးနဲ့ တာဝန်ရှိသူတွေက ကျောင်းပြန်လည်ပြင်နိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကျော်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024