A d v e r t i s e m e n t With Us

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

မတ်ပဲ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၂၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေးပွဲစားကုန် သည်စက်ပိုင်ပွဲစားအသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၂၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။   ပဲစင်းငုံနီ ရန်ကုန်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၉၀၉၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၇၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၈၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅၀၀ ကျပ်ဈေးတက်လပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂၄၀၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။   စီပီပြောင်း မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စီပီပြောင်းအသစ်က ၅၄ ပိဿာဝင် တအိတ်ကို ၂၄၀၀၀ ကနေ ၂၅၅၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၅၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် အနိမ့်ဆုံးဈေး ၁၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။   နှမ်းဖြူ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၆၃၀၀၀ ကနေ ၁၆၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၅၅၂၅၀ ပေါက်ဈေးရှိပြီး ၁၁၂၅ ကျပ်ဈေးကျဆင်းသွား ပါတယ်။ မန္တလေးနဲ့ မြင်းခြံ ကုန်စည်ဒိုင် တအိတ်ကို ၁၂၇၅၀ ဈေးကွာခြားမှု ရှိပါတယ်။   စားအုန်းဆီ မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက တပိဿာကို ၁၅၁၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁၅၆၀ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၅၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။   ပဲတီစိမ်း ပခုက္ကူကုန်စည်ဒိုင်မှာ ပဲတီစိမ်းက တအိတ်ကို ၉၁၅၀၀ ကနေ ၉၈၄၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စ်ညဒိုင်မှာတာ့ တအိတ်ကို ၉၆၀၀၀ ပေါက်ဈေးရှိပြီး ပခုက္ကူ နဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၂၄၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။   ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ သတင်း – AMIA

A d v e r t i s e m e n t With Us

More News
Up