ဘာစီလိုနာနှင့် ဂရစ်ဇ်မန်းကို အက်သလက်တီကို သတိပေး

ဘာစီလိုနာအသင်းနဲ့ အသင်းရဲ့တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ကို လေးစားမှုရှိကြဖို့ အက်သလက်တီကိုအသင်းက သတိပေးပြောကြားလိုက်ပါတယ်။ ကစားသမားနဲ့ အထူးသဖြင့် ဘာစီလိုနာအသင်းရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အသင်းအနေနဲ့ ပြင်းပြင်းထန်ထန်အော့နှလုံးနာမိကြောင်း ဂရစ်ဇ်မန်းရဲ့ထွက်ခွာကြေးကို ပေါင်သန်း ၁၂၀ လောက်နဲ့ သဘောတူညီနိုင်ဖို့ရှိပေမယ့် ဂရစ်ဇ်မန်းနဲ့ ကတ်တာလန်အခြေစိုက်အသင်းတို့ဟာ အသင်းအပေါ်မှာရော၊ ပရိသတ်အပေါ်မှာပါ လေးစားမှု လုံးဝမရှိတာကြောင့် အနုတ်လက္ခဏာဆောင်တဲ့ သဘောထားမှာသာ ရှိတယ်လို့ ပြင်ပြင်းထန်ထန်ရေးသားထုတ်ပြန်ပါတယ်။ အက်သလက်တီကိုအတွက် ပွဲပေါင်း ၁၈၀ ကစားပြီး ၉၄ ဂိုးထိ သွင်းယူပေးထားတဲ့ ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့မေလကတည်းက အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြောကြားထားပါတယ်။ ဒါပေမယ့် မိခင်အသင်းကို အသိပေးခြင်းလုံးဝမရှိဘဲ ၂၀၁၈ ခုနှစ်မတ်လကတည်းက ချိတ်ဆက်ထားခဲ့တာကြောင့် အခုလို ထုတ်ပြန်လိုက်တာပါ။ ဘာစီလိုနာအသင်းဘက်ကလည်း ဂရစ်ဇ်မန်း နေမာတို့နဲ့ ချိတ်ဆက်နေတယ်လို့ တရားဝင်ပြောကြားထားပြီး အရခေါ်ယူသွားဖို့ တခြားအသင်းရဲ့ ကစားသမားတွေကိုတောင် ချိတ်ဆက်ခဲ့ခြင်းမရှိဘူးလို့ ဘာကာဥက္ကဋ္ဌ ဂျိုးဆက်ဘာတိုမူက ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up