အာဂျင်တီးနားတွင် စက်ချို့ယွင်းပြီးရပ်ထားသည့် ကားပေါ်မှ ဝက်သားများအား ဒေသခံများ လုယက်

2.6K
အာဂျင်တီးနားနိုင်ငံ ဆန်တာဖီမြို့က အဝေးပြေးကားလမ်းဘေးမှာ ပေါ်ပြီးသားဝက်တွေ တင်လာတဲ့ ကားတစီး စက်ချို့ယွင်းပြီးနောက် ကားပေါ်ပါလာတဲ့ ဝက်သားတွေကို ဒေသခံတွေ အလုအယက် ဆွဲယူနေကြတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဇူလိုင် ၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီကုန်တင်ကားဟာ ဆန်တာဖီမြို့ပြင်ဘက် အမှတ် ၁၆၈ အဝေးပြေး ကားလမ်းမကြီးပေါ်မှာ မောင်းနှင်လာချိန် စက်ချို့ယွင်းပြီး ရပ်သွားခဲ့တာပါ။
ကားရပ်သွားတဲ့အချိန်မှာ ပေါ်ပြီးသား ဝက်အစိတ်အပိုင်းတချို့ လမ်းပေါ် ထွက်ကျလာခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။
အဲဒီအချိန် အနားကဒေသခံတွေ စုဝေးရောက်ရှိလာပြီး လမ်းပေါ်ကျနေတဲ့ အစိတ်အပိုင်းတွေကိုသာမက ကားထဲမှာရှိနေတဲ့ ဝက်သားတွေကိုပါ အခြမ်းလိုက် ဆွဲယူခဲ့ကြတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
ဒေသခံတယောက်က သူရတဲ့ဝက်ဟာ နောက်ဆုံးလက်ကျန်ဖြစ်ပြီး မနက် ၉ နာရီကတည်းက ဒီနေရာမှာ စောင့်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ဒေသခံတယောက်ကတော့ လိုအပ်သူတွေကို ဝက်သားတွေ ပေးသင့်တယ်လို့ ပြောပါတယ်။