A d v e r t i s e m e n t With Us

ပါတီဥက္ကဋ္ဌ ပြန်ရွေးချယ်မည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ညီလာခံ ကျင်းပမည်

ဦးသုဝေ
ပါတီဥက္ကဋ္ဌကို ကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒနဲ့ ပြန်လည် ရွေးကောက်တင်မြှောက်မယ့် နိုင်ငံလုံးဆိုင်ရာ ညီလာခံတခုကို ဒီမိုကရက်တစ်ပါတီ (မြန်မာ) က လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့ ရန်ကုန် ၀ိုင်အမ်စီအေခန်းမမှာ ကျင်းပမှာဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဒီဗွီဘီကို ပြောပြပါတယ်။ [caption id="attachment_14479" align="alignleft" width="300" caption="ဦးသုဝေ"][/caption] ညီလာခံကို ပြည်နယ်နဲ့ တိုင်းက ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေ၊ လွှတ်တော်ထဲမှာ တင်ပြမယ့် ကိစ္စရပ်များ၊ ပါတီတွင်း အရေးကိစ္စများ စတာတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။ အစည်းအဝေးမှာ ကိုယ်စားလှယ်တွေ အဆိုပြုတဲ့သူကို ဥက္ကဋ္ဌ အဖြစ် မဲပေး ရွေးချယ်မှာဖြစ်ပြီး ဥက္ကဋ္ဌက သူနဲ့ တွဲလုပ်မယ့် အလုပ်အမှုဆောင်ကော်မတီကို နာမည်စာရင်း တင်သွင်းရမယ်လို့ ဦးသုဝေက ရှင်းပြပါတယ်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၈ နေရာ ၀င်ပြိုင်ပေမယ့် တိုင်းနဲ့ ပြည်နယ်အဆင့် အမတ် ၃ ယောက်ပဲ အရွေးခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up