Home
မြန်မာသတင်း
ဆန်ဈေးကွက်အတွင်း တရုတ်ပြည်ပို့သည့်ဆန်က အများဆုံးဦးဆောင်နေ
DVB
·
July 5, 2019
ပင်လယ်ရေကြောင်းကနေ တရုတ်ပြည်ကို ဆန်ပြန်တင်ပို့နေရတာကြောင့် ဆန်ဈေးကွကမှာ တရုတ်ပြည်ပို့တဲ့ဆန်က အများဆုံးဦးဆောင်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။ ပြည်ပကို ဆန်တင်ပို့တဲ့နေရာမှာ အခုဘဏ္ဍာနှစ်အတွက် ပင်လယ်ရေကြောင်းက တင်ပို့ မှုဟာ ၆၃ရာခိုင်နှုန်းကျော်အထိ ရှိနေပါတယ်။ နယ်စပ်မှာပိတ်မိနေတဲ့ ဆန်တန်ချိန်ရှစ်သိန်းကျော်ဟာ ထက်ဝက်လောက်ပဲ ကျန်တော့ပေမယ့် နောက်ထပ်ပြည်တွင်းကနေ နယ်စပ်ကိုတင်ပို့နေတာမရှိဘူးလို့ ဆန်ကုန်သည်တွေက ပြောပါတယ်။ တနိုင်ငံလုံးက ထွက်ရှိနေတဲ့ နွေစပါးဟာ ရန်ကုန်ဈေးကွက်ကို ၀င်ရောက်ပြီး နိုင်ငံတကာကို တင်ပို့နေပေမယ့် ဒေါ်လာဈေးကျဆင်းမှုကြောင့် ဈေးကောင်းမရဘဲ ဈေးငြိမ်နေတယ်လို့ ဆိုပါတယ်။ ဆန်စပါးအသင်းချုပ်က ဘာတာစနစ်နဲ့ ဆန်တန်ချိတသိစ်သိန်းတင်ပို့ဖို့ စီစဉ်နေပေမယ့် လတ်တလောချက်ချင်းတင်ပို့ဖို့ မလွယ်တာကြောင့် နယ်စပ်မှာစုပုံနေတဲ့ ဆန်တွေကိုပဲ အဓိကထားပြီး တင်ပို့နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ မြန်မာပြည်ရဲ့ ဆန်တင်ပို့မှုဟာ အခုဘဏ္ဍာနှစ်မှာ မေလကုန်အထိ ၁ ဒသမ ၄ သန်းဝန်းကျင် ရှိနေတယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ တရုတ်ပြည်ကို ၄ဝ ရာခိုင်နှုန်းဝန်းကျင်၊ ဥရောပနိုင်ငံတွေကို ၂ဝ ရာခိုင်နှုန်း၊ အာဖရိကနိုင်ငံတွေကို ၂၂ ရာခိုင်နှုန်းနဲ့ ကမ္ဘာနိုင်ငံအသီးသီကို ၁၈ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024