အင်းစိန်အောင်စိုး၏ “လူရာဝင်တဲ့လူ” စာအုပ်မိတ်ဆက်ပွဲ (ဓာတ်ပုံ)
အောင်သူ
·
July 5, 2019
စာရေးဆရာ အင်းစိန် အောင်စိုးက သူ့ရဲ့ ၅ အုပ်မြောက်စာအုပ်ဖြစ်တဲ့ “လူရာဝင်တဲ့လူ”
စာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ ရန်ကုန်မြို့ Orchid Hotel မှာ ကျင်းပပါတယ်။
လူ့အဖွဲ့အစည်းမှာ ငွေကြေးချမ်းသာကြွယ်ဝသူ ရာထူးဂုဏ်ရှိသူတွေကို သတ်မှတ်ခေါ်ဆိုနေကြပြီး တိုင်းပြည်နဲ့လူထုအတွက် ကိုယ်ကျိုးစွန့်နစ်နာခံသူတွေကို လျစ်လျူရှုတာတွေ ရှိနေတာကြောင့် ဒီလူတွေက လူရာဝင်တဲ့လူဆိုတာကို ပြောဆိုချင်တာကြောင့် ရေးသားထုတ်ဝေတာဖြစ်တယ်လို့ အင်းစိန်အောင်စိုးကပြောပါတယ်။
ဒီစာအုပ်မှာ ဝတ္ထုတို ၂၈ ပုဒ်ကို စုစည်းဖော်ပြထားပြီး သူရဲ့ ၅ အုပ်မြောက် ထွက်ရှိလာတဲ့ စာအုပ်ဖြစ်ပါတယ်။
သူရဲ့ထွက်ရှိပြီး စာအုပ်တွေကတော့ ဒုတိယသေမင်းတမန်လမ်း၊ အုတ်ရုံးအတွင်း သံဆူးကြိုးဝင်းမှ လူဆိုးများ၊ အမှန်တရားဘက်တော်သား၊ ကျွန်တော့်အကြောင်း၊ လူရာဝင်တဲ့လူ ဆိုတဲ့ စာအုပ်တွေဖြစ်ပါတယ်။