အမေရိကန် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံမီးရှူးမီးပန်းများ ပစ်ဖောက် (ရုပ်သံ)

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ ဇူလိုင် ၄ ရက်နေ့က ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အနီ၊ အဖြူနဲ့ အပြာ စတဲ့ ရောင်စုံမီးရှူးမီးပန်းတွေ ပစ်ဖောက်ခဲ့ကြပါတယ်။ အမေရိကန် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် ဂီတပွဲတော်ကို မနက်ပိုင်းက ကျင်းပခဲ့ပြီး ထောင်ချီတဲ့လူတွေ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ အဲဒီဂီတပွဲတော်မှာ နာမည်ကျော် အနုပညာရှင်တွေက သီဆိုဖျော်ဖြေခဲ့တဲ့အပြင် အမျိုးသား သံစုံတီးဝိုင်းအဖွဲ့ကလည်း မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ် ဖျော်ဖြေခဲ့ကြပါတယ်။ ညပိုင်းမှာတော့ ဝါရှင်တန်ဒီစီမြို့တလွှား ကောင်းကင်ပေါ်မှာ ရောင်စုံမီးရှူးမီးပန်းတွေ ပစ်ဖောက်နေတဲ့ ရုပ်သံကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

More News
Up