A d v e r t i s e m e n t With Us

ကွင်းလယ်လူ မယ်လ်ကွန်ကို အာဆင်နယ်သို့ ရောင်းချရန် ဘာစီလိုနာ ကမ်းလှမ်း

ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမား မယ်လ်ကွန်ကို အာဆင်နယ်အသင်းဆီ ရောင်းချဖို့အတွက် ကမ်းလှမ်းမှုတခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်ရှိ ဘရာဇီးကွင်းလယ်လူ မယ်လ်ကွန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက အာဆင်နယ်အသင်းနဲ့ သတင်းထွက်ခဲ့ဖူးပေမယ့် ဘာစီလိုနာအသင်းက နောက်ထပ် ကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ကိုပဲ အာဆင်နယ်အသင်းဆီ အငှားချခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ မယ်လ်ကွန်ကို ရောင်းထုတ်ဖို့ ဘာစီလိုနာအသင်းက ဆန္ဒရှိနေတာကြောင့် အာဆင်နယ်အသင်းဆီ ရောင်းချဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ မယ်လ်ကွန်ဟာ ပြင်သစ်ကလပ် ဘော်ဒိုးအသင်းကနေ ပေါင် ၃၆ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး လာလီဂါ ၁၅ ပွဲ ကစားခွင့်ရခဲ့ပေမယ့် တဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ မယ်လ်ကွန်ကိုခေါ်ယူမယ့် အခြေအနေ မရှိတော့ဘဲ ခရစ္စတယ်ပဲလေ့စ် တောင်ပံတိုက်စစ်မှူး ဇာဟာကိုပဲ ပစ်မှတ်ထား ခေါ်ယူဖို့ လုပ်ဆောင်မယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up