မန်ယူကွင်းလယ်လူ ဟာရဲယားကို ပီအက်စ်ဂျီက ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူ

ဓာတ်ပုံ - PSG
982
မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း အန်ဒရီဟာရဲယားကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ငါးနှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၉ နှစ်အရွယ် စပိန်နိုင်ငံသားဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရာသီကုန်မှာ စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ သဘောတူညီချက် မရခဲ့တာကြောင့် အသင်းကနေ ထွက်ခွာခဲ့ပြီး ပီအက်စ်ဂျီအသင်းကို ရောက်သွားတာပါ။
မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးခဲ့တဲ့ ပွဲပေါင်း ၁၈၇ ပွဲမှာ ဂိုး ၂၀ သွင်းယူပြီး ၂၇ ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဖလားအောင်မြင်မှုအဖြစ် လိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေ ရရှိခဲ့ပြီး ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။
အသင်းသစ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဟာရဲယားက ပီအက်စ်ဂျီဟာ ပြင်သစ်နိုင်ငံအတွက် ကြီးကျယ်ခမ်းနားတဲ့ အသင်းဖြစ်ကြောင်း၊ ဒါကြောင့် သူကိုယ်တိုင်လည်း ပိုကြိုစားသွားမှာဖြစ်ပြီး ဆုဖလားတွေရယူကာ အသင်းသစ်နဲ့အတူ သမိုင်းမှတ်တမ်းတွေ စိုက်ထူနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။