Home
မြန်မာသတင်း
သြစတြေးလျအပါအ၀င် ၆ နိုင်ငံကို ဆိုက်ရောက်ဗီဇာ စမ်းသပ်ကာလ ၁ နှစ် ခွင့်ပြုပေးမည်
DVB
·
July 4, 2019
သြစတြေးလျနှင့် ဥရောပနိုင်ငံတချို့အပါအ၀င် နိုင်ငံ ၆ နိုင်ငံကို မြန်မာနိုင်ငံကနေ ၂၀၁၉ ခု အောက်တိုဘာ ၁ ရက်နေ့ကစပြီး စပ်သပ်ကာလ ၁ နှစ်သတ်မှာကာ  ဆိုက်ရောက်ဗီဇာ ခွင့်ပြုသွားဖို့ရှိနေပါတယ်။ သြစတြေးလျ၊ ဂျာမနီ၊ အီတလီ၊ ရုရှား၊ စပိန်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့က သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ ဆိုက်ရောက်ဗီဇာ ခွင့်ပြုသွားမှာဖြစ်ပါတယ်။ ဗီဇာကြေးအနေနဲ့ အမေရိကန်ဒေါ်လာ ၅၀ နဲ့ နေထိုင်ခွင့် ရက် ၃၀ ရရှိမှာဖြစ်သလို အလည်အပတ်ရည်ရွယ်ချက်နဲ့ ၀င်ရောက်တာကိုပဲ ခွင့်ပြုမှာဖြစ်ပါတယ်။ နေထိုင်ခွင့်သက်တမ်းတိုးဖို့ ခွင့်မပြုသလို ၀င်ရောက်လာသူတွေဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းတွေကို လေးစား လိုက်နာရမယ်လို့လည်း  အလုပ်သမားနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လုံခြုံရေးကန့်သတ်နယ်မြေတွေကလွဲပြီး နိုင်ငံခြားသားတွေ သွားလာခွင့်ရှိတဲ့ နေရာတွေကို လွတ်လပ်စွာ သွားလာနိုင်ပြီး မည်သည့်အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်က မဆို ထွက်ခွာ သွားနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024