စင်ကာပူရေတပ် စစ်ရေယာဉ် ၂ စီး ချစ်ကြည်ရေးခရီး လာရောက်
DVB
·
July 4, 2019
စင်ကာပူရေတပ်က စစ်ရေယာဉ် RSS VALOUR နဲ့ RSS VALIANT တို့ဟာ ချစ်ကြည်ရေး ခရီးအဖြစ် ရန်ကုန်မြို့၊ သီလ၀ါ ဆိပ်ကမ်း MITT တံတားကို ဇူလိုင် ၃ ရက်နေ့က ရောက်ရှိလာပါတယ်။
အဲဒီစစ်ရေယာဉ်တွေမှာ အရာရှိ၊ စစ်သည် စုစုပေါင်း အယောက် ၁၄၀ လိုက်ပါလာ တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ခရီးစဉ်ဟာ ဇူလိုင် ၅ ရက်အထိ သုံးရက်ကြာ နေထိုင်လေ့လာ လည်ပတ်သွားမှာဖြစ်ပြီး နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။