Home
မြန်မာသတင်း
မီတာခတိုးမြှင့်သည့်အပေါ် ဥက္ကံမြို့တွင် ကန့်ကွက်ဆန္ဒပြ
DVB
·
July 4, 2019
မီတာခဈေးနှုန်းတက်တဲ့အတွက် ရန်ကုန်တိုင်း၊ ဥက္ကံမြို့နယ်မှာ ဇူလိုင် ၄ ရက်နေ့က ပြည်သူ ၅၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။ ဥက္ကံမြို့ဆန္ဒပြပွဲ ဦးဆောင်သူ ကိုစိုးမိုးနိုင်က "အခုလျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာ လုပ်ငန်းရှင်တွေအတွက် ထိခိုက်နစ်နာမှုမရှိပေမဲ့ အောက်ခြေမှာရှိတဲ့ ၇၀ ရာခိုင်းနှုန်းသော တောင်သူတွေ၊ အခြေခံအလုပ်သမားတွေမှာ တိုးမြင့်လာတဲ့ ကုန်ဈေးနှုန်းဒဏ်ရယ်၊ တိုးမြင့်လာတဲ့ လျှပ်စစ်မီတာခပေးဆောင်ရမယ့် ဒဏ်တွေနဲ့ အခြေခံလုပ်အားခတွေ မတိုးတဲ့အတွက် သူတို့မှာ ဒုက္ခတွေနဲ့ ရင်ဆိုင်ရမယ့် အခြေအနေတွေကို ပြည်သူတွေက ရင်ဖွင့်တာပါ" လို့ ပြောပါတယ်။ တိုက်ကြီးမြို့နဲ့ အဖျောက်မြို့မှာလည်း တပြိုင်တည်း ဆန္ဒထုဖော်ဖို့ စတင်ထားပေမယ့် ရာသီဥတုကြောင့် ယာယီဆိုင်းငံ့ထားတယ်လို့ အဖျောက်မြို့ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးနိုင်ဦးက ပြောပါတယ်။  "ဇူလိုင် ၄ ရက်နေ့မှာ တိုက်ကြီးက အင်းအား ၃၀၀၊ အဖျောက်က အင်အား ၁၅၀၊ ဥက္ကံကအင်အား ၁၅၀ စုစုပေါင်းအင်အား ၅၀၀ နဲ့ တနေ့တည်း ဆန္ဒထုတ်ဖော်ဖို့ စာတင်ထားတာ။ ရာသီဥတုကြောင့် တိုက်ကြီးနဲ့ အဖျောက်က ယာယီဆိုင်းငံလိုက်တာပါ။”  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့  လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကို  ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၊ ၁ ရက်နေ့မှ စပြီး ပြင်ဆင်သတ်မှတ်ထားပါတယ်။ အခု ပြင်ဆင်လိုပ်တဲ့နှုန်းထားဟာ အရင်ထက် ၂ ဆဝန်းကျင် တိုးမြှင့်လိုက်တာပါ။ မီတာခ တိုးမြှင့်ကောက်ခံတာနဲ့ ပတ်သက်ပြီး မြို့နယ်အချို့မှာလည်း ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024