အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ နယ်သာလန်က ဆွီဒင်ကို အချိန်ပိုမှာ ၁ ဂိုးတည်းနဲ့နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
မိနစ် ၉၀ အထိ တဖက်ဂိုးမရှိ သရေကျနေလို့ အချိန်ပိုကစားရာ ၉၉ မိနစ်မှာ နယ်သာလန်အတွက် အနိုင်ဂိုးကို ဂရိုနန်က သွင်းယူပါတယ်။
ခြေစွမ်းမကွာတဲ့ နှစ်သင်းဆုံတာ ဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ ဥရောပ ချန်ပီယံ နယ်သာလန်က ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် ဆွီဒင်ကလည်း ဂိုးပေါက် ခြိမ်းခြောက်တာတွေ လုပ်နိုင်ခဲ့ပါတယ်။
နယ်သာလန်အသင်းဟာ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းသွားတာပါ။ လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် ဗိုလ်လုပွဲမှာ နယ်သာလန်ဟာ လက်ရှိ ချန်ပီယံ အမေရိကန် အမျိုးသမီးအသင်းနဲ့ ရင်ဆိုင်ရမှာပါ။