Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ (ရုပ်သံ)
DVB
·
July 4, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။      မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Marvel Comics ဇာတ်ကောင် Spider-Man ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် Spider- Man: Far from Home !      Action Adventure Sci-Fi အမျိုးအစား စူပါဟီးရိုး ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီ ကားကိုတော့ နာမည်ကြီးရုပ်ရှင်ကုမ္ပဏီတွေဖြစ်ကြတဲ့ Marvel Studios နဲ့ Columbia Pictures တို့က ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပါတယ်။ ဒီကားဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခု နှစ်က ထွက်ရှိခဲ့တဲ့ Spider-Man: Homecoming ရုပ်ရှင်နဲ့ တိုက်ရိုက်ချိတ်ဆက်မှာ ဖြစ် ပြီး အရင်ကားကို ရိုက်ကူးခဲ့တဲ့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Jon Watts ကပဲ ထပ်ပြီး တော့ ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။      ဒီရုပ်ရှင်အကြောင်းကို ပြောမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ရုံတင်ရုပ်ရှင် End Game အကြောင်းကို ထည့်ပြောရမှာဖြစ်ပါတယ်။ End Game ထဲမှာ Thanos ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့တဲ့ ဆရာဖြစ်တဲ့ Tony Stark အတွက် ပူဆွေးဝမ်းနည်းနေရတဲ့ Spider- Man တဖြစ်လဲ Peter Parker ဟာ ဒီကားထဲမှာတော့ အတန်းဖော်တွေနဲ့ ဥရောပကို ခ ရီးသွားရတော့မှာ ဖြစ်ပါတယ်။ အဲဒီမှာ သူဟာ S.H.I.E.L.D Agent တယောက်ဖြစ်တဲ့ Nick Fury ကြီးနဲ့ တွေ့ရမှာဖြစ်ပြီး ဥရောပခရီးမှာ တခြားဗီလိန်ဇာတ်ကောင်တွေ အများ ကြီးနဲ့ ရင်ဆိုင်ရမယ့် အခြေအနေမှာ ရှိနေတာပါ။ ပြောင်းလဲသွားတဲ့ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုအသစ်တွေကြား ဘယ်လိုစွန့်စားခန်းတွေ၊ အက်ရှင်ဇာတ်လမ်းဇာတ်ကွက် တွေနဲ့ ပုံဖော်ဖန်တီးထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုကြရ တော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Spider-Man အဖြစ် ဗြိတိန်သရုပ်ဆောင်မင်းသား Tom Holland က ခေါင်းဆောင်ပါဝင်ထားပြီး ၀ါရင့်သရုပ်ဆောင်မင်းသားကြီး Samuel L. Jackson ကတော့ Nick Fury နေရာက ပါဝင်ထားတာပါ။ အမေရိကန် သရုပ်ဆောင် မင်းသား Jake Gyllenhaal ကတော့ ဒီကားထဲမှာ စူပါဗီလိန်ဇာတ်ကောင် Mysterio အဖြစ်ပါဝင်ထားပြီး တခြား သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားခဲ့ကြတာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယိုမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၁၆၀ အကုန်အကျခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ Box Office မှာတော့ ဒီရုပ်ရှင်ကားဟာ အမေရိကန်မှာ ရုံတင်ပြသမယ့် ပထမ ၆ ရက်အတွင်း ၀င်ငွေအမေရိကန်ဒေါ်လာသန်း ၁၅၀ ကျော် ရရှိနိုင်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ Youtube ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ပရိသတ်ကြား စိတ်ဝင်စားမှု တွေ မြင့်တက်နေခဲ့ပြီး တလအတွင်း ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်း ၆၀ ကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၂၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန်မှာ ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့မတိုင်ခင် ဇူလိုင်လ ၂ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါ တယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဗြိတိန်-အမေရိကန် သမိုင်းဒရာမာ ရုပ်ရှင်ကားတကား ဖြစ်တဲ့ Ophelia ! ဒီကားကိုတော့ သြစတေးလျ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Claire McCarthy က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ IFC Films က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ Ophelia ဆိုတာကတော့ ဗြိတိန်နာမည်ကျော် ပြဇာတ်စာရေးဆရာကြီး ရှိတ်စပီး ယားရဲ့ Hamlet ပြဇာတ်ထဲက ဇာတ်ကောင် မိန်းကလေး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ပေါင်း ၄၀၀ ကျော်လောက်ကတည်းက ရေးသားခဲ့တဲ့ ရှိတ်စပီးယားရဲ့ ပြဇာတ်တွေဟာ ခု ချိန်ထိတိုင်အောင် ကျော်ကြားနေဆဲဖြစ်ပြီး Romeo and Juliet, Julius Caesar စတဲ့ ပြ ဇာတ်တွေအပါအ၀င် Hamlet ဟာလည်း နာမည်ကြီးတဲ့ ပြဇာတ်တပုဒ်ဖြစ်ပါတယ်။ Hamlet ကတော့ ရှိတ်စပီးယားရဲ့ ပြဇာတ်တွေထဲမှာ အရှည်ဆုံးပြဇာတ်တပုဒ်ဖြစ်ပြီး ဒိန်းမတ် နန်းတွင်းရေးအရှုပ်တော်ပုံအကြောင်းကို ရေးဖွဲ့ဖန်တီးထားတာ ဖြစ်ပါတယ်။ ပြ ဇာတ်ထဲမှာတော့ အဓိကဇာတ်ကောင် အိမ်ရှေ့မင်းသား Hamlet ရဲ့ ဖခင်ဘုရင်ကို ဦး လေးဖြစ်သူက လုပ်ကြံသတ်ဖြတ်ပြီး မိခင်ကိုပါ ရယူလိုက်ချိန်မှာ အခြေအနေတွေ ရှုပ် ထွေးလာခဲ့တာတွေကို ဇာတ်အိမ်တည်ထားခဲ့တာပါ။ ဒီကားထဲမှာတော့ ၀န်ကြီးချုပ်တ ပါးရဲ့ သမီးဖြစ်ပြီး မိတဆိုးဖြစ်တဲ့ ဖြူစင်ရိုးသားတဲ့ ကောင်မလေး၊ မင်းသား Hamlet ရဲ့ ကြင်ယာတော်ဖြစ်လာနိုင်ချေရှိတဲ့ Ophelia ရဲ့ အမြင်ဘက်ကနေ ချဉ်းကပ်ပြီး ရိုက်ကူးထားတာမို့ ဘယ်လိုပုံစံနဲ့ တင်ဆက်ထားမလဲ ဆိုတာကိုတော့ ပရိသတ်တွေက မကြာခင် မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင် Ophelia နေရာမှာတော့  ဗြိတိန်သရုပ်ဆောင် မင်းသမီး Daisy Ridley ကခေါင်းဆောင်ပါဝင်ထားပြီး မင်းသမီး Naomi Watts က တော့ မိဘုရားကြီး Gertrude အနေနဲ့ ပါဝင်ထားခဲ့တာပါ။  ဗြိတိန်သရုပ်ဆောင်မင်းသား George MacKay ကတော့ အိမ်ရှေ့မင်းသား Hamlet အဖြစ် သရုပ်ဆောင်ထားခဲ့ပြီး ၀ါရင့်သရုပ်ဆောင်မင်းသားကြီး Clive Owen ကတော့ ဗီလိန်ဇာတ်ကောင် Claudius အဖြစ် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြော စကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလကတည်းက နာမည်ကြီးရုပ်ရှင်ပွဲတော်တခု ဖြစ်တဲ့ Sundance Film Festival မှာ ကနဦးပြသခဲ့တာဖြစ်ပြီး အခုနှစ်မှာမှ ရုံတင်ပြသခဲ့ တာ ဖြစ်ပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 6.7 အထိ ရရှိထားတဲ့ ဇာတ်ကား ကောင်းတကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က တည်းက အမေရိကန်နိုင်ငံမှာ ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ အိန္ဒိယ အချစ်ဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ Malaal !  ဒီကားကိုတော့ အိန္ဒိယရုပ်ရှင် ဒါရိုက်တာ Mangesh Hadawale က ရိုက်ကူးပုံ ဖော်ပေးထားတာဖြစ်ပြီး Bhansali Productions နဲ့ T-Series ရုပ်ရှင်ထုတ်လုပ်ရေးတို့ က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ 7G Rainbow Colony အမည်နဲ့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Tamil စကားပြော ရုပ်ရှင်ကို ပုံစံတမျိုးနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်လိုက်တာပါ။ မွမ်ဘိုင်းမြို့ရဲ့ ဆင်းရဲသားရပ်ကွက်တခုမှာ အခြေတည်ရိုက်ကူးထားတဲ့ ဒီကားထဲ မှာတော့ Shiva နဲ့ Astha တို့ လူငယ် ၂ ဦးရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထား တာ ဖြစ်ပါတယ်။ အရာရာ ခြားနားတဲ့ နောက်ခံအခြေအနေတွေနဲ့ သူတို့ရဲ့ အချစ်ခရီး လမ်းက ဖြောင့်ဖြူးပါ့မလား။ ကွဲကွာသွားကြမလား။ ပေါင်းဆုံနိုင်ပါ့မလားဆိုတာကိုတော့ မကြာခင်မှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အိန္ဒိယသရုပ်ဆောင် မင်းသားမင်းသမီး ၂ ဦးဖြစ်ကြတဲ့ Meezaan Jaffery နဲ့ Sharmin Segalတို့က အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါ တယ်။ ဒီကားထဲမှာတော့ အိန္ဒိယရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်ဝင်သီချင်း ၇ ပုဒ် ထိထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ လူငယ်အချစ်၊ အလွမ်း၊ ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ရှုစားကြရမယ့် ဒီရုပ်ရှင် ကား Trailer ဟာ Youtube ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာပါ။ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇူလိုင်လ ၅ ရက်နေ့မှာ အိန္ဒိယနိုင်ငံမှာ စတင်ပြီး ရုံတင်ပြသ သွားမယ်လို့ ကြေငြာထားပါတယ်။ နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထူးခြားတဲ့ တင်ဆက်ပုံ တမျိုးနဲ့ ရှုစားကြရမယ့် မြန်မာရုပ်ရှင် အနန္တ ! ဒီကားကိုတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးပုံဖော် ပေးထားတာဖြစ်ပြီး ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ မြန်မာရုပ်ရှင်ကားတွေထဲ ထူးခြားတဲ့ သိပ္ပံရုပ်ရှင်ကားတ ကားဖြစ်လာမှာဖြစ်ပြီး CGI အထူးပြုလုပ်ချက်တွေနဲ့ အချိန်နှစ်နဲ့ချီ သေသေချာချာ ပြင် ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်ကတော့ ဒီဇာတ်လမ်းရဲ့ အစဟာ ၂၀၁၀ လောက်က အစောဆုံးကျောက်ဖြစ်ရုပ်ကြွင်းက မြန်မာမှာစတွေ့တယ်ဆိုတဲ့ မဂ္ဂဇင်းဆောင်းပါး တပုဒ်ကို စဖတ်ရာကနေ စိတ်ကူးရခဲ့တာလို့ အင်တာဗျူးတခုမှာ ဖြေခဲ့ဖူးပါတယ်။ ဒါကို အခြေခံပြီး ထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ မြန်မာသိပ္ပံကားတကားအနေနဲ့ ဘယ်လို ပုံဖော်ရိုက်ကူးထားမလဲ ဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရ တော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ထူးခြားတာကတော့ ၀ါရင့်နာမည်ကြီးသရုပ်ဆောင်တွေ အများကြီး မပါဝင်ပဲ သရုပ်ဆောင်အသစ်တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အဓိက သရုပ်ဆောင်တွေအနေနဲ့ ဖြိုးငွေစိုး၊ စိုင်းလွှမ်း၊ နေဝင်း၊ ကျော်ကိုကိုဝေ၊ နန်းဆုဦး၊ သက်ထားဝေဇင်တို့က ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကားဟာ ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်ကားဖြစ်လာ နိုင်မလား၊ ဘယ်လိုဝေဖန်မှုတွေ ရှိလာနိုင်မလဲဆိုတာကိုတော့ အားလုံးက ထပ်မံစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒီကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့၊ သမ္မ တရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီကားကိုတော့ လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးထူးခြားခြား Drama Horror Mystery အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Midsommer ! ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Ari Aster က ရိုက်ကူးပုံဖော်ပေး ထားတာဖြစ်ပြီး A24 ရုပ်ရှင်က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ Christian နဲ့ Dani တို့ဟာ အမေရိကန်က ချစ်သူစုံတွဲတတွဲဖြစ်ကြပြီး တရက်မှာ တော့ သူငယ်ချင်းတွေနဲ့အတူ ဆွီဒင်နိုင်ငံ ကျေးလက်ဒေသတခုက ပွဲတော်တခုဆီ ခရီးထွက်လာခဲ့ပြီး နောက်မှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဇာတ်အိမ်တည်ရိုက်ကူး ထားခဲ့တာပါ။ Midsommer Festival လို့ ခေါ်တဲ့ ဒီပွဲတော်က အဲဒီဒေသမှာတော့ နှစ် ပေါင်း ၉၀ မှာ တကြိမ် ထူးဆန်းတဲ့ ရိုးရာယုံကြည်မှုတွေနဲ့ ကျင်းပလေ့ရှိကြတာပါ။ မတူညီတဲ့ ၀န်းကျင်မှာ သူတို့သူငယ်ချင်းတစုဟာ ထင်မှတ်မထားတဲ့ ရှုပ်ထွေးတဲ့ ဓလေ့တွေ၊ သွေးပျက်ထိတ်လန့်စရာ အခြေအနေတွေ၊ အကြမ်းဖက်မှုတွေ၊ ပြဿနာတွေနဲ့ ရင်ဆိုင် ကြရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေကို ဒီရုပ်ရှင်ကားထဲမှာ ပရိ သတ်တွေက ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Florence Pugh ၊ Jack Reynor ၊ William Jackson Harper နဲ့ Will Poulter တို့က ခေါင်း ဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်း ပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့် ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ထူးထူးခြားခြား အင်္ဂလိပ်နဲ့ ဆွီဒင်ဘာသာစကား ၂ မျိုး လုံးကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Midsommer ရုပ်ရှင် Trailer ဟာ ယူကျုဘ်ပေါ်မှာတော့ တလအတွင်း ၀င် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းကျော် ရှိနေခဲ့တာပါ။ ကြာမြင့်ချိန် မိနစ် ၁၄၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇူလိုင်လ ၃ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မကြည့်ရှုလိုက်ရသူတွေ အတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီးတော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024