မန်ယူက လက်စတာနောက်ခံလူ မက်ဂွိုင်းယာကို ပေါင်သန်း ၇၀ ဖြင့် ကမ်းလှမ်း
မန်ချက်စတာ ယူနိုက်တက်အသင်းက လက်စတာ နောက်တန်းသမား မက်ဂွိုင်းကို ခေါ်နိုင်ဖို့ ပေါင်းသန်း ၇၀ အထိ ပေးပြီး ကြိုးစားနေပါတယ်။
မန်ယူနိုက်တက်နည်းပြ ဆိုးရှာလ်က အသင်းအတွက် အတွေ့အကြုံရှိပြီး ခေါင်းဆောင် အရည်အသွေးရှိတဲ့ ဗဟိုနောက်ခံလူ တယောက်ကို ရှာဖွေနေတာပါ။
အင်္ဂလန်နောက်တန်းသမား မက်ဂွိုင်းကို ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
လက်စတာအသင်းကတော့ သူတို့ နောက်ခံလူ မက်ဂွိုင်းရဲ့ ပြောင်းရွှေ့ကြေးကို မန်ယူက ကမ်းလှမ်းတဲ့ ဈေးထက် ပိုအလိုရှိနေတာပါ။