စစ်ရာဇ၀တ်မှုဖြင့် စွဲချက်တင်ခံရသည့် အမေရိကန် Navy Seal တပ်စုခေါင်းဆောင်ကို တရားသေလွှတ်

အီရတ်နိုင်ငံမှာ စစ်ရာဇ၀တ်မှုတွေနဲ့ စွဲချက်တင်ခံရတဲ့ အမေရိကန် Navy Seal တပ်စုခေါင်းဆောင် အက်ဒ်ဝါ့သ် ဂယ်လာဂါကို စစ်ဘက် ဂျူရီအဖွဲ့က ဇူလိုင် ၂ ရက်နေ့မှာ တရားသေလွှတ်လိုက်ပါတယ်။  စစ်ခုံရုံးမှာ ၉ နာရီကြာ ကြားနာစစ်ဆေးပြီးနောက် အိုင်အက်စ် စစ်သားရုပ်အလောင်းကို တရားမ၀င် ပို့စ်တင်ခဲ့တဲ့ စွဲချက်ကလွဲလို့ လူသတ်မှုနဲ့ တခြားစွဲချက်အားလုံးကနေ ဂယ်လာဂါကို အဖွဲ့ဝင် ၉ ယောက်ပါ ဂျူရီအဖွဲ့က တရားသေလွှတ်ခဲ့ပါတယ်။  အထူးစစ်ဆင်ရေးခေါင်းဆောင် ဂယ်လာဂါဟာ ဆုတံဆိပ်ရ စစ်ပြန်တဦးဖြစ်ပြီး သူ့အမှုကို သမ္မတ ထရမ့်ပင် စိတ်ဝင်တစားရှိခဲ့ပါတယ်။  အိုင်အက်စ်စစ်သားရုပ်အလောင်းကို တရားမ၀င် ဓာတ်ပုံရိုက် ပို့စ်တင်ခဲ့တဲ့ ပြစ်မှုအတွက် ဂယ်လာဂါဟာ အမြင့်ဆုံး ထောင်ဒဏ် ၄ လအထိ ကျခံရနိုင်ပါတယ်။  ရေတပ်အာဏာပိုင်တွေကတော့ ဂယ်လာဂါဟာ ရုံးတင်စစ်ဆေးမှု မတိုင်မီ ၇ လနီးပါး ထိန်းသိမ်းခံရတာကြောင့် သူဟာ လွတ်မြောက်သူအဖြစ် ဆက်ရှိနေမယ်လို့ ပြောပါတယ်။  ဂယ်လာဂါဟာ ရာထူးချခံရတာ စတဲ့ တခြားပြစ်ဒဏ်တွေ ရင်ဆိုင်ရမလားဆိုတာကိုတော့ အဲဒီနေ့နှောင်းပိုင်းမှာ စတင် ကြားနာဖို့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up