ယူ ၁၄ လူငယ်​​ဘောလုံးပြိုင်ပွဲ​ မန္တ​လေးတွင်ကျင်းပ

မြန်​မာနိုင်​ငံ​ဘောလုံးအဖွဲ့ချုပ်​၊ မြန်​မာ​နေရှင်​နယ်​လိပ်​နဲ့ မြန်​မာ့ဆက်​သွယ်​​ရေးလုပ်​ငန်း MPT နဲ့အခြေခံပညာဦးစီးဌာနအားကစားနဲ့​ကာယပညာဦးစီးဌာနတို့ပူး​ပေါင်းပြီး မန္တ​လေးတိုင်း​ ဒေသကြီး အသက် ၁၄ နှစ်​​အောက်​ လူငယ်​​ဘောလုံးပြိုင်​ပွဲကို ဒီကနေ့ မန္တလာ သီရိအားကစားကွင်းမှာ ကျင်းပပါတယ်။ ​MPT လူငယ်​​ဘောလုံးပွဲ​တော်​နဲ့  ၁၄ နှစ်​​အောက်​ လူငယ်​​ဘောလုံးပြိုင်​ပွဲကို မန္တ​လေးတိုင်း အစိုးရ ဝန်​ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့အတူ တက်ရောက်လာကြတဲ့ တာဝန်ရှိသူတွေက ကွင်းထဲကို ဘောလုံးတွေ ကန်​သွင်းပြီး အခမ်းအနားကို ဖွင့်လှစ်​ပေးခဲ့ပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “အားကစားလုပ်နေတာဟာ တိုင်းပြည်ထူထောင်ရေးအတွက်လည်း တဖက်တလမ်းက အဓိကကျတဲ့ အခန်းကဏ္ဍကပါတယ်။ လူငယ်တွေ အားကစားကဏ္ဍထဲ၊  အားကစားလောကထဲ တခုခုအားကစားလုပ်နေတာဟာ မူးယစ်ဆေးဝါးကို တိုက်ဖျက်တဲ့နေရာမှာ အဓိကကျတယ်။ ဒါဟာတနည်းအားဖြင့် မိမိအသက်အရွယ်နဲ့ လိုက်တဲ့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတာ တိုင်းပြည်ကို မြှင့်တင်ပေးနေတာဆိုတဲ့ အသိရှိရင် လူငယ်တွေ အားကစားလောကထဲ ပိုပြီးရောက်လာမယ် ထင်ပါတယ်။ ဒါကြောင့် ငါတို့ဘောလုံးကစားနေတာဟာ ငါတို့ တိုင်းပြည်ရဲ့ ဂုဏ်ကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ထားစေချင်တယ်”လို့  လူငယ်ဘောလုံးသမားတွေကို ပြောပါတယ်။ ဒီကနေ့ လူငယ်ဘောလုံးပွဲတော်ဖွင့်ပွဲကို မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ​​မြန်​မာနိုင်​ငံ​ဘောလုံးအဖွဲ့ချုပ်​က တာဝန်ရှိသူတွေ၊ ​ မြန်​မာ့ ဆက်​သွယ်​​ရေးလုပ်​ငန်း MPT ​ဈေးကွက်​​ရေးရာဌာန ဒုအ​ထွေ​ထွေမန်​​နေဂျာ ဦးခင်​​မောင်​မြင့်နဲ့ တခြားဖိတ်ကြားထားသူတွေ  တက်ရောက်ခဲ့ကြပါတယ်။ မြန်​မာပြည်အနှံ့အပြားက အနာဂတ်​ မျိုးဆက်​သစ်​လူငယ်​တွေ ကျန်းမာကြံ့ခိုင်​ ထက်မြက်တဲ့ လူ​နေမှုဘဝရရှိ​စေဖို့နဲ့ ပြည်​တွင်းအားကစား ကျွမ်း​ကျင်​သူတွေပေါ်​ပေါက်​လာပြီး နိုင်​ငံအတွက် ​ဂုဏ်​ယူဖွယ်​ရာ အားကစားသမားကောင်းတွေ ပေါ်ထွက်လာ​စေဖို့ ရည်​ရွယ်​ပြီး မန္တ​လေး၊ ​ရွှေဘို၊ ရန်​ကုန်​၊ မ​ကွေး၊ ဘားအံ့၊ ​တောင်​ကြီး၊ ပဲခူး၊ ​မော်​လမြိုင်​၊ ပုသိမ်​၊ စစ်​​တွေမြို့ကြီးတွေမှာ လူငယ် ဘောလုံးပွဲတော်တွေ ကျင်းပမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up