ဘင်နီတက်ဇ် တရုတ်ကလပ်သို့ ပြောင်းရွှေ့

1.4K
နယူးကာဆယ်နည်းပြဟောင်း ဘင်နီတက်ဇ်ဟာ တရုတ်ကလပ် ဒါလီယန် ရီဖန်း အသင်းနည်းပြချုပ်အဖြစ် ပြောင်းရွှေ့တာဝန်ယူမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လက နယူးကာဆယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ဘင်နီတက်ဇ်ဟာ အသင်းနဲ့ ဆွေးနွေးမှု အဆင်မပြေခဲ့တာကြောင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ရီဖန်းအသင်းကို ပြောင်းရွှေ့တော့မယ်လို့ ဘင်နီတက်ဇ်က တွစ်တာအကောင့်ကနေ အတည်ပြုပါတယ်။
“ရှည်လျားတဲ့ ခရီးရှည်ကြီးအပြီးမှာတော့ စိန်ခေါ်မူအသစ်ကို စတင်တော့မှာဖြစ်ပြီး ဒီလီယန်ရီဖန်းအသင်းနဲ့အတူ စီမံကိန်းသစ်ကို လုပ်ဆောင်ရမယ့်အပေါ်မှာ ကျေနပ်ပျော်ရွှင်မိတယ်” လို့ ဘင်နီတက်ဇ်က တွစ်တာကနေ ရေးသားသွားခဲ့ပါတယ်။
ဒါ့အပြင် နယူးကာဆယ်အသင်းမှာ စီမံကိန်းသစ်ဖြစ်လာမလာတဲ့အပေါ်မှာလည်း အသင်းပိုင်ရှင် မိုက်အက်ရှ်လေကို ဘင်နီတက်ဇ်ကဖေန်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်၊ ဗလင်စီယာ၊ လီဗာပူး၊ အင်တာမီလန်၊ချဲ လ်ဆီးနဲ့ နာပိုလီအသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဘင်နီတက်ဇ်အနေနဲ့ ဒါလီယန်ရီဖန်းအသင်းမှာ တနှစ်လုပ်ခပေါင် ၁၂ သန်းအထိ ရရှိမှာဖြစ်ပါတယ်။