Home
အနုပညာ
ကြည့်ရှုသူ ၁၄ သန်းကျော်ရှိနေသည့် အိန္ဒိယ အချစ်ဒရာမာရုပ်ရှင်ကား-Malaal (နမူနာ)
DVB
·
July 3, 2019
အိန္ဒိယ အချစ်ဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ Malaal ကို လာမယ့် ဇူလိုင်လ ၅ ရက် နေ့မှာ အိန္ဒိယနိုင်ငံမှာ စတင်ပြီး ရုံတင်ပြသွားမယ်လို့ ကြေညာထားပါတယ်။ ဒီကားကိုတော့ အိန္ဒိယရုပ်ရှင် ဒါရိုက်တာ Mangesh Hadawale က ရိုက်ကူးပုံ ဖော်ပေးထားတာဖြစ်ပြီး Bhansali Productions နဲ့ T-Series ရုပ်ရှင်ထုတ်လုပ်ရေးတို့က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ 7G Rainbow Colony အမည်နဲ့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Tamil စကားပြော ရုပ်ရှင်ကို ပုံစံတမျိုးနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်လိုက်တာပါ။      မွမ်ဘိုင်းမြို့ရဲ့ ဆင်းရဲသားရပ်ကွက်တခုမှာ အခြေတည်ရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့ Shiva နဲ့ Astha တို့ လူငယ် ၂ ဦးရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အရာရာ ခြားနားတဲ့ နောက်ခံအခြေအနေတွေနဲ့ သူတို့ရဲ့ အချစ်ခရီးလမ်းက ဖြောင့်ဖြူးပါ့မလား။ ကွဲကွာသွားကြမလား။ ပေါင်းဆုံနိုင်ပါ့မလား ဆိုတာကိုတော့ မကြာခင်မှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။      ဒီကားထဲမှာတော့ အိန္ဒိယသရုပ်ဆောင် မင်းသားမင်းသမီး ၂ ဦးဖြစ်ကြတဲ့ Meezaan Jaffery နဲ့ Sharmin Segal တို့က အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။      ဒီကားထဲမှာတော့ အိန္ဒိယရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်ဝင်သီချင်း ၇ ပုဒ်ထိ ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။      လူငယ်အချစ်၊ အလွမ်း၊ ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ရှုစားကြရမယ့် ဒီရုပ်ရှင် ကား Trailer ဟာ Youtube ပေါ်မှာတော့ လက်ရှိအချိန်ထိ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၄ သန်းကျော် ရှိနေခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024