Live
Home
မြန်မာသတင်း
အပစ်ရပ်ကာလကို ငြိမ်းချမ်းရေးအတွက် ထိရောက်စွာအသုံးချရန် တပ်မတော်တိုက်တွန်း 
DVB
·
July 2, 2019
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သမိုင်းမှာ တခါမှမရှိခဲ့ဘူးတဲ့ တဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးထပ်တိုးကာလကို ထိထိရောက်ရောက်အသုံးပြုသွားဖို့ တပ်မတော် က တိုက်တွန်းပါတယ်။ တပ်မတော်က တဖက်သတ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်ကနေ ဇွန် ၃၀ ရက်အထိ ၆ လတာ ရပ်ဆိုင်းပေးခဲ့ပြီး လိုအပ်ချက်တွေအရ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို သြဂုတ်လကုန်အထိ နောက်ထပ် ၂ လ ထပ်တိုးပေးထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတဲ့ ၆ လတာကာလအတွင်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတာအပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တိုးတက်ခိုင်မာစေရေးအတွက် ကိုယ်စားလှယ်တွေ ညှိနှိုင်းဆွေးနွေးရာမှာ ပြည်သူလူထုက မျှော်လင့်ထားသလောက် ခရီးမရောက်ခဲ့ဘူးလို့ ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန် ဖော်ပြပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်လျှောက်လှမ်းနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လမ်းဖွင့်ပေးခဲ့တာဖြစ်လို့ လက်နက်ကိုင်လမ်းစဉ်အစား တနိုင်ငံလုံး ပစ်ခေတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ အမြန်ဆုံးပါဝင်လက်မှတ်ရေးထိုးပြီး ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းကြဖို့ လိုမယ်လို့လည်း ဆိုပါတယ်။  ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာမှာ ဘယ်အဖွဲ့အစည်း လူပုဂ္ဂိုလ်မဆို သူတို့ရဲ့ လိုအင်ဆန္ဒတွေကို ဒီမိုကရေစီနည်းလမ်းတကျ တောင်းဆိုရမှာဖြစ်ပြီး ဒီမိုကရေစီ လမ်းစဉ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်စွဲကိုင် တောင်းဆိုတာတွေကြောင့် ဖြစ်လာတဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေးဟာ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာတာလို့ တပ်မတော်က ယုံကြည်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်အပါအ၀င် စစ်တိုင်းဒေသကြီး ၅ ခုမှာ တပ်မတော်ရဲ့ တဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတဲ့ပြီးခဲ့တဲ့ ၆ လတာကာလအတွင်းတိုက်ပွဲတွေဖြစ်ပွားမှု သိသိ သာသာလျော့ကျသွားပေမယ့် တပ်မတော်နဲ့ရော  တိုင်းရင်းသား တပ်ဖွဲ့တွေ အချင်းချင်း အကြားမှာပါ တိုက်ပွဲတွေ ကြိုးကြားကြိုးကြားဖြစ်ပွားခဲ့ပါတယ်။ အပစ်ရပ်ဒေသထဲမှာမပါဝင်တဲ့ ရခိုင်ပြည်နယ်ထဲမှာတော့ တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေဆဲပါ။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024