Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်တွင် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်
DVB
·
July 2, 2019
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်း လာကာ နောက်၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီမနက်  ခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။  ဇူလိုင် ၂ ရက် မြန်မာစံတော်ချိန် မနက် ၆နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်း‌ခြေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာ ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိ နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။  မိုးသက်လေ ပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့ ကြိုတင်သတိပြုကြဖို့လည်း မိုးဇလဌာနက  အကြံပြုထားပါတယ်။ ဓာတ်ပုံ-DMH
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024