Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် ခွေးလေခွေးလွင့်များ ရှင်းလင်းရန် ငွေကျပ် ၁၇၈ သိန်း သုံးစွဲမည်
သူဇာလင်း
·
July 1, 2019
ရန်ကုန်တိုင်းအတွင်း လေလွင့်ခွေးတွေ ရှင်းလင်းဖို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ ဘတ်ဂျက် ငွေကျပ် ၁၇၈ သိန်း သုံးစွဲသွားမယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့မှာ ရှိနေတဲ့ လမ်းဘေးခွေးတွေကို မျိုးပွားနှုန်းထိန်းချုပ်တာတွေ၊ ခွေးရူးကာကွယ်ဆေးထိုးနှံတာတွေ၊ တာဝန်ယူတဲ့ခွေးမွေးမြူရေးစနစ်မြှင့်တင်တာတွေ၊ ဖမ်းဆီး ဖယ်ရှားပြီး ဂေဟာကို ပို့ဆောင်တာတွေနဲ့ သုတ်သင်ရှင်းလင်းတဲ့ နည်းလမ်းတွေနဲ့ ရှင်းလင်း လုပ်ဆောင်နေတာပါ။ ရန်ကုန်မြို့မှာ ခွေးအကောင်ရေ တသိန်းခွဲလောက်ရှိပေမယ့်လည်း လက်ရှိမှာ မှတ်ပုံတင် ထားတဲ့ ခွေးကတော့ အကောင် ၇၀၀၀ ပဲရှိသေးတယ်လို့ ဇူလိုင် ၁ ရက်နေ့က မြို့တော် ခန်းမမှာကျင်းပတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၊ ဌာနမှူး ဒုညွှန်ကြားရေးမှူးချုပ် ဦးမင်းအောင်က ပြောခဲ့တာပါ။ ဒါ့အပြင် မြို့နယ်တချို့က ခွေးလေခွေးလွင့် အကောင်ရေ ၈၀၀ နီးပါးကို ဖမ်းပြီး ခွေးဂေဟာကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024