ညောင်တုန်းတွင် ဓာတ်လိုက်၍ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှာ မနေ့ညနေပိုင်းက ဓာတ်လိုက်ခံရပြီး ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ခတ္တိယကျေးရွာ ဝါဝါဝင်းငါးကန်မှာ မင်းမင်းစိုးနဲ့ အောင်အောင်တို့ ၂ ဦးဟာ ဝရိန်ဆော်ရုံကနေ အိပ်ဆောင်ကို ပြန်လာစဉ် ငါးကန်ဝရိန်ဆော်ရုံနဲ့ အိပ်ဆောင်ကြား ဝရိန်ဆော်ဖို့ သွယ်တန်းထားသော မီးကြိုးအား နင်းမိပြီး ဓာတ်လိုက်ခဲ့တာပါ။ ဓာတ်လိုက်ပြီး သံတို/သံစတွေပေါ် လဲကျကာ မင်းမင်းစိုး (၄၀) နှစ်မှာ မီးလောင်ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ အောင်အောင်ကတော့ နောက်ကျော/ ပေါင် ပြတ်ရှဒဏ်ရာတွေရရှိကာ အခြေအနေစိုးရိမ်ရတာကြောင့် ညောင်တုန်းပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။ မင်းမင်းစိုး သေဆုံးမှုအား မဲဇလီနယ်မြေ ရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၉) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up