အန်ဒွန်ဘီလီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် စပါးခေါ်မည်

စပါးအသင်းဟာ လိုင်ယွန်ကွင်းလယ် အန်ဒွန်ဘီလီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ ပြင်သစ်လက်ရွေးစင် အန်ဒွန်ဘီလီအတွက် ကနဦးaပးချေမှုအနေနဲ့ ပေါင် ၅၅ သန်းပေးချေရမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ပြီး နောက်ထပ် ပေါင် ၉ သန်း ပေးချေရမယ်လို့ သိရပါတယ်။ ပေါင် ၆၄ သန်း တန်ကြေးရှိတာကြောင့် ကလပ်အသင်းသမိုင်းတလျှာက် ပြောင်းရွှေ့ကြေးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့တာပါ။ စပါးအသင်းဟာ အရင်က ပြောင်းရွှေ့ကြေး အများဆုံးပမာဏနဲ့ ခေါ်ယူမူအဖြစ် နောက်ခံလူ ဒါဗစ်ဆန် ဆန်းချက်ဇ်ကို အေဂျက်ဇ်ကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အန်ဒွန်ဘီလီဟာ အသက် ၂၂နှစ်ပဲ ရှိသေးပြီး ချဲလ်ဆီးကစာသမားဟောင်း အက်ဆီယန် လက်သစ်အဖြစ် နာမည်ကြီးနေတာပါ။ ကွင်းလယ်ကစားသမား အန်ဒွန်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက လိုင်ယွန်အသင်းနဲ့အတူ စုစုပေါင်း ၄၈ ပွဲကစားခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up