Home
မြန်မာသတင်း
မရမ်းကုန်းအမတ် ဒေါ်မိုးမိုးစုကြည်ကို ရန်ကုန်တိုင်းအစိုးရ ၀န်ကြီးသစ်အဖြစ် အမည်စာရင်းတင်
အာကာ
·
July 1, 2019
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ အသစ်ဖွဲ့စည်းမယ့် လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနအတွက် မရမ်းကုန်းမြို့နယ်တိုင်းဒေသကြီး ၂ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်ကို အမည်စာရင်းတင်သွင်းလိုက်ပါတယ်။ ဒီနေ့ ဇူလိုင်လ ၁ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ်တော်ကို အမည်စာရင်းပေးပို့ထားတာပါ။ အခု အမည်စာရင်းတင်သွင်းလိုက်တဲ့ ဝန်ကြီးအသစ်ကို ကန့်ကွက်လိုသူတွေအနေနဲ့ အထောက်အထားနဲ့တကွ ကန့်ကွက်ဖို့ လွှတ်တော်ဒုဥက္ကဋ္ဌက ကြေညာထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ဝန်ကြီးဌာန တခုတိုးချဲ့ဖွဲ့စည်းဖို့ ကို ဇွန်လ ၂၄ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ရန်ကုန်တိုင်းအပါအ၀င် ပြည်နယ်နဲ့တိုင်းဒေသကြီး အားလုံးမှာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတွေ တိုးချဲ့ဖွဲ့စည်းဖို့ကို နိုင်ငံတော် သမ္မတက လွှတ်တော် အသီးသီးကို ပေးပို့ခဲ့ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ လက်ရှိမှာ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ လူမှုရေး ဝန်ကြီးဌာန၊ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊  စိုက်ပျိုးရေးမွေးမြူရေး သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဌာန၊ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေး ဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာန ၆ခု ဖွဲ့စည်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024