ဟွာဝေးအပေါ် ချမှတ်ထားသည့် ပိတ်ပင်မှုအချို့ အမေရိကန်က ပြန်လည်ဖယ်ရှားပေးဖွယ်ရှိ

A large advertising billboard of the new Huawei P30 Pro flagship smartphone. The Chinese technology giant continues to be at the centre of a politicial controversy as it faces by U.S. officials to freeze out the company on security grounds and according to reports Huawei will help develop an ultra-fast 5G wireless network in the United Kingdom (Photo credit should read Amer Ghazzal / Barcroft Media via Getty Images)
ဟွာဝေးကုမ္ပဏီအား အမေရိကန်နိုင်ငံကနေ နည်းပညာတွေဝယ်ယူနေခြင်းကို ပိတ်ပင်ထားတဲ့ တားမြစ်ချက်ကို ဖြေလျော့ပေးရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့အကြား သဘောတူညီချက်ရရှိခဲ့တယ်လို့ Engadget သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိအချိန်ထိ ဒီသဘောတူညီချက်ကြောင့် ဘယ်လိုပြောင်းလဲမှုတွေ ပေါ်ပေါက်လာနိုင်တယ်ဆိုတာ မသိရသေးပေမယ့် ဒေါ်နယ်ထရမ့်ကတော့ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို မထိခိုက်နိုင်တဲ့ hardware ပိုင်းရောင်းဝယ်ရေးကို ပြန်လည်ခွင့်ပြုဖွယ်ရှိတယ်လို့ ပြောဆိုထားပါတယ်။ ဒါ့ကြောင့် ဒီဆုံးဖြတ်ချက်ဟာ ဟွာဝေး ကုမ္ပဏီအတွက် စမတ်ဖုန်းနဲ့ လက်တော့ပ်တို့လို နည်းပညာပိုင်းဆိုင်ရာ ထုတ်ကုန်တွေကို မူလအခြေအနေအတိုင်း ထိန်းသိမ်းခွင့်ရရှိစေမှာဖြစ်ပြီး network hardware ပိုင်းမှာတော့ ပိတ်ပင်မှုတွေ ဆက်ရှိနေဦးမယ်လို့ ယူဆရပါတယ်။ ဒီလိုပြောင်းလဲမှုတွေရှိလာနိုင်ပေမယ့် ဟွာဝေးကုမ္ပဏီကတော့ အမေရိကန် ကုန်သွယ်ရေးဌာနရဲ့ အမည်စာရင်းမှာ ဆက်ရှိနေဦးမှာဖြစ်ပြီး အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ အမေရိကန်ကုမ္ပဏီတွေနဲ့ စီးပွားရေးဆောင်ရွက်ခွင့်ကိုလည်း ပိတ်ပင်ခံထားရဦးမှာဖြစ်ပါတယ်။ “ဟွာဝေးကို ဒီစာရင်းကနေ နောက်ပိုင်းမှာ ထုတ်ပယ်ပေးသင့်မသင့်ကို ပြန်လည်စဉ်းစားသွားမယ်” လို့ ထရမ့်ကပြောဆိုခဲ့ပြီး ဒီအကြောင်းအရာအတွက် ဇူလိုင် ၂ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဂျီ ၂၀ ဆွေးနွေးပွဲအတွင်း အမေရိကန်သမ္မနဲ့ တရုတ်သမ္မတ တို့ တွေ့ဆုံးခဲ့ပြီးနောက် ထရမ့်က အခုလိုပြောကြားခဲ့တာဖြစ်ပြီး ဒါဟာ နည်းပညာ လုပ်ငန်းကြီးတခုလုံးအတွက်တော့ ကောင်းသတင်းတခုပဲဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ပင်မှုကြောင့် ဟွာဝေးကုမ္ပဏီဟာ ပြသနာများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး အရင်လိုကုန်သွယ်ခွင့် ပြန်လည်ရရှိမယ်ဆိုရင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ရှောင်ရှားနိုင်ဖို့ ရှိနေပါတယ်။ အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုကြောင့် ဟွာဝေးကုမ္ပဏီဟာ တရားဝင်အန်ဒရိုက်စနစ်ကို ဆုံးရှုံးခဲ့ရပြီး Intel လို အမေရိကန်ကုမ္ပဏီတွေနဲ့ စီးပွားရေးဆောင်ရွက်ခွင့်ဆုံးရှုံးခဲ့တာကြောင့် လက်တော့ပ် ရောင်းအားအပြင် ဖုန်းရောင်းအားပါ ကျဆင်းလာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up