လွှတ်တော် ဥပဒေကြမ်း ၂ ခု သမ္မတ လက်မှတ်ရေးထိုးခြင်း မပြု

လွှတ်တော်က အတည်ပြုပြီး ပေးပို့လာတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ၂ ခုကို သမ္မတက သဘောထားမှတ်ချက် ၁၀ ချက် ပေးပြီး လွှတ်တော်ကို ပြန်ပေးပို့ခဲ့ပါတယ်။ သမ္မတ ပေးလာတဲ့ မှတ်ချက် ၁၀ ချက် ကို လွှတ်တော်က ၂  ချက်သာ ပြင်ဆင်ပေးပြီး ကျန် ၈ ချက်ကို နဂိုအတိုင်း ထပ်မံအတည်ပြုကာ ဥပဒေအဖြစ် ထုတ်ပြန်ဖို့ ပြန်လည် ပေးပို့တာကို သမ္မတ က လက်မှတ်ရေးထိုးခြင်း မပြုဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ဖို့ လိုတဲ့အကြောင်း သ၀ဏ်လွှာ ထပ်မံပေးပို့ထားတယ်လို့ နိုဝင်ဘာ ၂၄ ရက် ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီအတွက် အခု ဥပဒေကြမ်း ၂ ခုဟာ သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုတဲ့ ပထမဦးဆုံးသော ဥပဒေကြမ်းတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆ (ခ) နဲ့ (ဂ) အရ သမ္မတ လက်မှတ်ရေးထိုးခြင်း မရှိပေမယ့် ဒီ ဥပဒေကြမ်း ၂ ခုဟာ ၇ ရက်အတွင်း ဥပဒေအဖြစ် အတည်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up