ဖွဲ့စည်းပုံ ပြင်ဆင်ရေး သပိတ်ကျင်းတွင် လူထောင်ချီ ဆန္ဒပြ
DVB
·
June 30, 2019
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ ဆန္ဒထုတ်ဖော်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှာ ပြုလုပ်ခဲ့ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပြင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုဖွဲ့စည်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံတဲ့အနေနဲ့ ဆန္ဒ ထုတ်ဖော်တာလို့ ဦးဆောင်သူတွေက ပြောပါတယ်။
ဆန္ဒ ထုတ်ဖော်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်သူ့ဆန္ဒနှင့် ထပ်တူမရှိသောအခြေခံဥပဒေကို အလိုမရှိကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အောင်မြင်ရေး စတဲ့ကြွေးကြော်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီဆန္ဒထုတ်ဖော်ပွဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒ ပြုလက်မှတ်ကောက်ခံမှုတွေ ပြုလုပ်ခဲ့ပြီး လူနှစ်ထောင်ခန့်က ဆန္ဒပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ပွဲကို သပိတ်ကျင်းမြို့နယ်အတွင်း ကျေးရွာတွေက လူအင်အားနှစ်ထောင်ဝန်းကျင်နဲ့ ကြက်ရိုးပင်ကျေးရွာအနီး သုံးခပ်ကွေ့ကနေ ချောင်းကြီးကျေးရွာ ဘောလုံးကွင်းအထိ ၁ မိုင်လောက် ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ထိန်ထိန်လင်း