Home
မြန်မာသတင်း
လူကုန်ကူးခံရသူများ လက်ခံစောင့်ရှောက်ရေးဂေဟာ (ယာယီ)  လှိုင်သာယာတွင် ဖွင့်လှစ်မည်
DVB
·
June 30, 2019
လူကုန်ကူးခံရသူများ လက်ခံစောင့်ရှောက်ရေးဂေဟာ (ယာယီ)  လှိုင်သာယာမှာ ဖွင့်လှစ်မှာဖြစ်ပြီး ဒီနေ့ မနက်ပိုင်းက ဂေဟာတည်ဆောက်ဖို့အတွက် ပန္နက်တင် အခမ်းအနား ကျင်းပခဲ့ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေး ဦးစီဌာနရဲ့ ၂၀၁၈- ၂၀၁၉ ခု ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေနဲ့ လူကုန်ကူးခံရသူတွေကို လက်ခံစောင့်ရှောက်ရေး ဂေဟာ (ယာယီ) တည်ဆောက်မှာ ဖြစ်ပါတယ်။   အခမ်းအနားမှာ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်တို့က အဖွင့်အမှာ စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်နှင့် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့က သတ်မှတ်နေရာတွေမှာ ပန္နက်တင် စိုက်ထူခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024