ဖိလစ်ပိုင် စစ်အခြေစိုက်စခန်းတွင် ပေါက်ကွဲမှုဖြစ်၊ စစ်သား ၃ ဦးအပါအဝင် ၈ ဦး သေဆုံး

836
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း စစ်အခြေစိုက်စခန်းတခုမှာ ဇွန် ၂၈ ရက်က ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး စစ်သား ၃ ယောက် အပါအ၀င် ၈ ယောက် သေဆုံးခဲ့ပါတယ်။
ပေါက်ကွဲမှုဟာ အဘူဆေယက်ဖ် အကြမ်းဖက်အဖွဲ့ အမာခံနယ်မြေ ဟိုလိုကျွန်းပေါ်က စစ်အခြေစိုက်တခုမှာ ဖြစ်ခဲ့တယ်လို့ ဖိလစ်ပိုင် စစ်တပ်ကပြောပါတယ်။
အိုင်အက်စ်အဖွဲ့က ဒီတိုက်ခိုက်မှုဟာ သူတို့လုပ်ချက်ဖြစ်တယ်လို့ အာမက်သတင်းဌာနက ကြေညာပါတယ်။
အာမက်သတင်းဌာန တင်တဲ့ပို့စ်မှာ ဖောက်ခွဲရေးပစ္စည်းတပ် အကျီဝတ်ထားပုံရတဲ့ လူငယ်နှစ်ယောက် အိုင်အက်စ် အလံဘေး ရပ်နေပုံကို ပြသခဲ့ပါတယ်။
အိုက်အက်စ်အဖွဲ့ ပြောကြားချက်ကိုရော အဲဒီဓာတ်ပုံကိုပါ ချက်ချင်း အတည်မပြု နိုင်သေးပါဘူး။
ဒီဖြစ်ရပ်ဟာ အဘူဆေယက်ဖ် အကြမ်းဖက်အဖွဲ့ကို သုတ်သင်လိုတဲ့ သမ္မတ ဒူတာတေးအဖို့ ကြီးမားတဲ့ အတားအဆီး ဖြစ်လာမှာပါ။
သမ္မတ ဒူတာတေးက လာမယ့် ၂၀၂၂ မှာ ဟိုလိုကျွန်းပေါ်တပ်စွဲဖို့ တပ်ဖွဲ့ဝင် ၄၅၀၀ ပါဝင်တဲ့ အထူးတပ်မဖွဲ့စည်းထားပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သမ္မတရုံးက ချက်ချင်း မှတ်ချက်ပေးတာ မရှိသေးပါဘူး။