ပြင်သစ်တွင် ဟောင်းအိုနေသည့်တံတားကို စက္ကန့်ပိုင်းအတွင်း ထိန်းချုပ်ဖောက်ခွဲ(ရုပ်သံ)

ပြီးခဲ့တဲ့နှစ်က တံတားပြိုကျမှုကြောင့် လူ ၄၃ ယောက် သေဆုံးခဲ့တဲ့ အီတလီ မြောက်ပိုင်း ဂျီနိုအာတံတားကို ဇွန်လ ၂၈ ရက်မှာ ထိန်းချုပ်ဖောက်ခွဲ ဖြိုချခဲ့ပါတယ်။ ဂျီနိုအာတံတားဟာ တချိန်က ဂျီနိုအာဆိပ်ကမ်းမြို့နဲ့ ပြင်သစ်တောင်ပိုင်းကို ဆက်သွယ်ပေးတဲ့ ၁ ဒသမ ၂ ကီလိုမီတာ ရှည်လျားပါတယ်။ တစိတ်တပိုင်း ပြိုကျနေတဲ့ အဲဒီတံတားရဲ့ တိုင်မကြီးနှစ်ခုကို ထိန်းချုပ်ဖောက်ခွဲပြီး စက္ကန့်ပိုင်းအတွင်း ဖြိုချခဲ့တာပါ။ ဂျီနိုအာမြို့တော်ဝန်က စီစဉ်ထားတဲ့အတိုင်း ဖြိုချတာ အောင်မြင်ခဲ့တယ်လို့ ပြောပါတယ်။  တံတားအနီး လူမနေ အဆောက်အဦတခုမှာ လူတယောက် ပုန်းခိုနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိခဲ့တာကြောင့် ဖြိုချရာမှာ အနည်းငယ် ကြန့်ကြာမှု ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒီတံတားကို ၁၉၆၀ ပြည့်နှစ်က သံကူကွန်ကရစ် နည်းပညာနဲ့ တည်ဆောက်ခဲ့ပြီး ဟောင်းနွမ်းနေတဲ့ ဒီတံတားနေရာမှာ တံတားသစ် တည်ဆောက်သွားမှာဖြစ်ပါတယ်။ တံတားသစ်ကို ဂျီနိုအာမြို့ဖွား ဗိသုကာပညာရှင် ရန်ဇိုပီယာနိုက ဒီဇိုင်းထုတ်ပြီး လာမယ့်နှစ်လယ်လောက်မှာ တံတားသစ် ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။

More News
Up