ဖူဆယ်အားကစားနည်းကို အားပေးသွားမည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ်ပြော

အာရှအဆင့် ပြိုင်ပွဲတွေအထိ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရနေပြီဖြစ်တဲ့ ဖူဆယ်အားကစားနည်းကို အားပေးသွားမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ မန္တလေးမြို့ရှိ မန္တလာ သီရိဘက်စုံသုံး အားကစားရုံမှာ  ဇွန် ၂၉ ရက်က ကျင်းပခဲ့တဲ့ MFF Warrix Futsal Open Cup 2019 (Mandalay) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က "မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ အခုဆိုရင် အာရှအဆင့် ပြိုင်ပွဲတွေအထိ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရနေပြီ ဖြစ်သလို အာဆီယံ အဆင့်မှာလည်း ဒုတိယဆု ရရှိခဲ့ဖူးပါပြီ။ မန္တလေးတိုင်းဖူဆယ်အသင်းကလည်း ပြည်နယ်နဲ့ တိုင်းပြိုင်ပွဲမှာ ပထမဆုကို နှစ်ကြိမ်ဆက်တိုက် ရရှိခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးမှာ ဖူဆယ်ကွင်းပေါင်း၂၀၀ ကျော်ရှိနေပြီး ဖူဆယ်အားကစားနည်းကို ကစားသမားတွေ အများကြီးရှိပါတယ်။ ကျနော်တို့ အစိုးရ အနေနဲ့လည်း ဖူဆယ်အားကစားနည်းကို အားပေးရမယ်ဆိုတာ သဘောပေါက်ပါတယ်။ လက်လဲ လက်ခံပါတယ်" လို့ ပြောပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေအထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဖူဆယ်ပြိုင်ပွဲကို ၂၀၀၅ ခုနှစ်ကစတင်ပြီး ရန်ကုန်မှာ စတင်ကျင်းပခဲ့ပြီး မန္တလေးမှာတော့ ပထမဆုံးအကြိမ် ကျင်းပတာလို့ ပြောပါတယ်။ “နှစ်တိုင်း Open Cup တွေကို ရန်ကုန်မှာရေ?ာ မန္တလေးမှာပါ ကျင်းပသွားမှာ ဖြစ်ပြီး ပြိုင်ပွဲနှစ်ခုက ဆီမီးဖိုင်နယ်တက်တဲ့ အသင်းတွေကို အိမ်ကွင်း၊ အဝေးကွင်းစနစ်နဲ့ ယှဉ်ပြိုင်ကစားစေပြီး ချန်ပီယံjဖစ်တဲ့အသင်းက AFF Club Championship ပြိုင်ပွဲကို ၀င်ခွင့်ရမှာပါ။" Warrix Futsal Open Cup 2019 အဖွင့်ပွဲစဉ်အဖြစ် GV Athletic အသင်းနှင့် Dream Team အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ GV Athletic အသင်းက ၉-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဖွင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတွေ၊ ဖူဆယ်နှင့်သဲသောင်ပြင် ကော်မတီတာဝန်ရှိသူတွေ Warrix Myanmar မှ Managing Director ဒေါက်တာ ရဲမွန်ထွဋ်နဲ့ စပွန်ဆာ ကုမ္ပဏီတာဝန်ရှိတွေ တက်ရောက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up