Home
မြန်မာသတင်း
ဆိုင်ကယ် ၂၉ စီးနှင့် ဖုန်း ၁၁ လုံး ခိုးယူသူနှစ်ဦးကို တောင်သာတွင် ဖမ်းမိ
DVB
·
June 29, 2019
ဆိုင်ကယ်မျိုးစုံ ၂၉ စီးနဲ့ ဖုန်း ၁၁ လုံး ခိုးယူ ရောင်းချထားသူ ၂ ဦးအား ဇွန်လ ၁၃ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်မှာ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ တောင်သာမြို့၊ အမှတ် ၆ ရပ်ကွက်နေ ဦးကျော်မြင့်ဦးရဲ့ K ဟိန်း(၁)၊ ဆိုင်ကယ်အရောင်းဆိုင်မှ ဇွန်လ ၁၁ ရက်နေ့က DAYANG 110 ဆိုင်ကယ်အသစ် ၂ စီး၊ ဒေါ်ကြည်ကြည်ပြုံးရဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နေအိမ်မှ ဇွန်လ ၁၃ ရက်နေ့က ဆိုင်ကယ် ၁ စီး၊ ဖုန်းမျိုးစုံ ၁၀ လုံး၊ ငွေ ၇၀၀၀ဝ ပျောက်ဆုံးမှုတို့ကို တောင်သာမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အမှုစစ်အဖွဲ့ဟာ အခင်းဖြစ်ရပ်ပတ်ဝန်းကျင်ရှိ CCTV မှတဆင့် စိစစ်ခဲ့ရာ ပြစ်မှုကျူးလွန် သူမှာ ပျဉ်းမနားမြို့၊ မြို့ဦးရပ်ကွက်နေ အောင်နိုင်ဦး (ခ)မိုးမိုး(ခ)မိုးအောင် ဖြစ်ကြောင်းနဲ့ တာင်သာမြို့ကို မကြာခဏလာရောက်လေ့ရှိကြောင်း သိရပြီး ဇွန် ၁၃ ရက်နေ့က ပျဉ်းမနားမြို့၊ မြို့ဦးရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ရာမှာ အတူပါဝင်တဲ့ လွှမ်းမိုးအောင်(ခ)လွှမ်းမိုးကိုလည်း  ဖမ်းဆီးရမိခဲ့ပါတယ်။ စစ်ဆေးချက်အရ ၂၀၁၉ ခုနှစ်အတွင်း နေပြည်တော်ကောင်စီနယ်မြေ၊  တောင်သာ ရေမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ မလှိုင်၊ တောင်ကြီး၊ ကလော၊ ရွှေညောင် စတဲ့မြို့နယ်တွေကနေ စုစုပေါင်း ဆိုင်ကယ် ၂၉ စီး၊ ဖုန်း ၁၁ လုံးတို့အား ခိုးယူရောင်းချခဲ့တယ်လို့ သိရပါတယ်။ သက်သေခံ ပစ္စည်းတွေကို သိမ်းဆည်းပြီး ပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်နိုင်ဖို့နဲ့ ဥပဒေနဲ့အညီ အသီးသီးအမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024