Home
မြန်မာသတင်း
မူဆယ်-မန္တ​လေးလျှပ်စစ်ရထားလမ်း ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်သည့် စစ်တမ်းကောက်မည်
DVB
·
June 28, 2019
တရုတ်နိုင်ငံကနေ အကုန်အကျခံ တာဝန်ယူတည်ဆောက်မယ့် မူဆယ်-မန္တ​လေး လျှပ်စစ်မီးရထားလမ်းသစ်ဖောက်လုပ်ရေး စီမံကိန်းနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်တဲ့ စစ်တမ်း EIA ကောက်ယူမှုကို ဒေသ ၆ ခုမှာ ရက်ပေါင်း ၁၅ ရက်အတွင်း ပြုလုပ်သွားမယ်လို့ မြန်မာ့မီးရထားကနေ ပြောပါတယ်။ ဒီစစ်တမ်းကောက်ယူမှုကို ဇွန်လ ၂၅ ရက်ကနေ ဇူလိုင်လ ၂ ရက်အထိ မန္တ​လေး(မြစ်ငယ်)၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္နီနဲ့ မူဆယ်တို့မှာ ကောက်ယူနေတာပါ။ စစ်တမ်းကောက်ယူရာမှာ ဒေသခံလူထုကို စီမံကိန်းအကြောင်း အသိပေးတာ၊ ဒေသခံတွေထံကနေ စီမံကိန်းအပေါ် သဘောထားမှတ်ချက်ရယူတာ၊ ထိခိုက်ပျက်စီးနိုင်မှုတွေကို သိရှိပြီး တားဆီးနိုင်ဖို့ရာ၊ ပြည်သူတွေ ဒေသခံတွေရဲ့ ဆန္ဒနဲ့အညီ စီမံကိန်းကို ပွင့်လင်းစွာ ဆောင်ရွက်နိုင်ဖို့နဲ့ ဒေသခံတွေရဲ့ သဘောထားတွေကို နိုင်ငံတော်သမ္မတရုံးအထိ တင်ပြပြီး စီမံကိန်းလုပ်ဆောင် မလုပ်ဆောင်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှာလို့ မြန်မာ့မီးရထားလုပ်ငန်း မြို့ပြ ဒုတိယအထွေထွေမန်နေဂျာ ဦးဌေးလှိုင် က ပြောပါတယ်။ မူဆယ်-မန္တ​လေး လျှပ်စစ်အမြန်ရထားလမ်းဟာ ၂၆၇ မိုင် ရှည်လျားမှာဖြစ်ပြီး ၁ နာရီကို မိုင် ၁၀၀ နှုန်းနဲ့ မူဆယ်-မန္တ​လေးကို အချိန် ၃ နာရီလောက်သာ ကြာမြင့်မယ်လို့ သိရပါတယ်။ ဒီလမ်းဖောက်လုပ်ပြီးရင် နယ်စပ်ဖြတ်ကျော်ကာ တရုတ်နိုင်ငံအတွင်းက ဘေဂျင်း-ကူမင်း အမြန်ရထားလမ်းပိုင်းနဲ့ ချိတ်ဆက်မှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024