Home
မြန်မာသတင်း
“အမှောင်ခေတ်ကြမ်းထဲမှာ အလင်းလမ်းလျှောက်ခဲ့ကြသူများ” စာပေစကားဝိုင်းကျင်းပမည်
DVB
·
June 28, 2019
“အမှောင်ခေတ်ကြမ်းထဲမှာ အလင်းလမ်းလျှောက်ခဲ့ကြသူများ” အမည်နဲ့ စာပေစကားဝိုင်း တခုကို ဇွန်လ ၂၉ ရက်နေ့ Yangon Book Plaza မှာ ကျင်းပသွားဖို့ ရှိနေပါ တယ်။ ဒီဆွေးနွေးပွဲမှာတော့ စာရေးဆရာ၊ ဆရာမတွေဖြစ်ကြတဲ့ မသီတာ(စမ်းချောင်း)၊ မောင်လွင်မွန်(ကသာ)၊ ပန်းချီထိန်လင်း၊ စောဝေတို့က ဦးဆောင်ဆွေးနွေးသွားကြမှာ ဖြစ်ပြီး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ခုလိုဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။ “မြန်မာ့သမိုင်းမှာ လွန်စွာအရေးပါခဲ့တဲ့ အလှည့်အပြောင်းအဖြစ်အပျက်ကြီးတခု ကတော့ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးပဲ ဖြစ်ပါတယ်။ အဆိုပါ အရေးတော်ပုံ ကြီးပြီးသွားတဲ့အခါမှာတော့ ပြင်းထန်တဲ့ အာဏာရှင် အမှောင်ခေတ်ကြီးအောက်ကို မြန် မာတပြည်လုံး ကျရောက်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာရှင်တွေဟာ တိုင်းပြည်ကို စိတ်တိုင်းကျ ခြယ်လှယ်ခွင့်တော့ မရခဲ့ပါဘူး။ အမှောင်ခေတ်ထဲမှာ အလင်းလမ်းကို ရှာဖွေကြသူတွေ၊ လျှောက်လှမ်းကြသူတွေနဲ့ အမှောင်ခေတ်ကြီးကို အစဉ်တွန်းလှန်ခဲ့ကြသူတွေ ဒု နဲ့ဒေး ရှိခဲ့ပါတယ်။ အဆိုပါသူတွေထဲမှာ မသီတာ(စမ်းချောင်း)၊ မောင်လွင်မွန်(ကသာ)၊ ပန်းချီထိန်လင်း၊ စောဝေတို့လည်း ပါဝင်ပါတယ်” ဒီစာပေဆွေးနွေးပွဲကို စိတ်ပါဝင်စားတဲ့သူတိုင်း တက်ရောက်ဆွေးနွေးနိုင်မှာဖြစ်ပြီး စာရေးဆရာ၊ ဆရာမတွေရဲ့ အမှောင်ခေတ်ဖြတ်သန်းမှုမှတ်တမ်းစာအုပ်တွေကိုလည်း အထူးလျှော့ဈေးနဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။   ⭕️မသီတာ(စမ်းချောင်း) - စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် ⭕️ပန်းချီထိန်လင်း - မြောက်ပိုင်း ABSDF အချင်းချင်း သတ်ဖြတ်ပွဲ ⭕️စောဝေ - ထောင်(သို့မဟုတ်) အမေမကြိုက်တဲ့ တက္ကသိုလ် ⭕️မောင်လွင်မွန် (ကသာ) - စောရဘဏ္ဍာအိတ်ကို သော့ပိတ်ခဲ့သူများ   “အမှောင်ခေတ်ကြမ်းထဲမှာ အလင်းလမ်းလျှောက်ခဲ့ကြသူများစာပေစကားဝိုင်း” နေ့ရက် - ၂၉၊ ၆၊ ၁၉(စနေ) မွန်းလွဲ - ၃ နာရီ Yangon Book Plaza ငါးလွှာ၊ သံဈေး၊ လမ်းမတော်၊ ရန်ကုန်။ (၁၇လမ်းရှိ သံဈေးဝင်ပေါက်တွင် သီးသန့်ဓာတ်လှေကားရှိပါသည်) ဖုန်း - ၀၉၇၆၇၀၁၉၉၂၆
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024