G20 ထိပ်သီးအစည်းအဝေး တက်ရန် ကမ္ဘာ့ခေါင်းဆောင်များ ဂျပန်နိုင်ငံသို့ ရောက်ရှိ

ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်းချက်တို့ဟာ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် G20 ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ ဇွန်လ ၂၇ ရက်နေ့က အိုဆာကာမြို့ကို ရောက်လာကြပါတယ်။ ဇွန်လ ၂၈ ရက်နဲ့ ၂၉ ရက် နှစ်ရက်ကြာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အိုဆာကာမြို့ကို ကမ္ဘာ့ခေါင်းဆောင်တွေ တဖွဲဖွဲ ရောက်လာနေကြပါတယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲ အကြောင်းက G20 အစည်းအဝေးကို အဓိက လွှမ်းမိုးနိုင်ဖွယ်ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ တူရကီနိုင်ငံက ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ သတင်းထောက် ဂျမဲလ် ခါရွှန်းဂျီ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆော်ဒီက အပြည့်အဝ တာဝန်ယူရေး ဖိအားပေးဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အကြီးအကဲက G20 အစည်းအဝေး တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ရာသီဥတုပြောင်းလဲမှု၊ ပင်လယ်ကွေ့ဒေသ တင်းမာမှုနဲ့ ပင်လယ်သမုဒ္ဒရာထဲ အမှိုက်ညစ်ညမ်းမှု အကြောင်းတွေလည်း ဆွေးနွေးသွားမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up