လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ

နိုဝင်ဘာ ၂၂ ရက် နေ့ခင်းက ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ လက်နက်ခဲယမ်းတွေနဲ့ ငွေတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့သတင်းမှာ ပါရှိပါတယ်။ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားလမ်းရှိ ကျိုင်းတုံမြို့အ၀င် နောင်နွန်းစစ်ဆေးရေးဂိတ်မှာ တာချီလိတ်ကနေ ကျိုင်းတုံကို မောင်းနှင်လာတဲ့ လိုက်ထရပ်အနီရောင် ကား ၁ စီးကို စစ်ဆေးရာမှာ ယာဉ်ရှေ့ထိုင်ခုံအောက်နဲ့ နောက်ခန်းအတွင်းကနေ တွေ့ရှိတာလို့ ဆိုပါတယ်။ တွေ့ရှိတာတွေကတော့ အမျိုးအစားစိစစ်ဆဲ သေနတ် ၆ လက်။ အမ်-၇၉ ၂ လက်။ ဝင်ချက်စတာ ပြောင်းချော ၆ လက်။ ၉ မမပစ္စတို ၄ လက်နဲ့ ကျည် ၁ဝဝဝ တောင့် ကျည်အိမ် ၈ ခု။ ၇.၆၂ ကျည် ၂၃၃ တောင့်။ ပွိုင့် ၂၂ ကျည် ၅ဝဝ တောင့်။ အသံတိတ် ကိရိယာ ၂ ခု။ လက်နက်ဖြုတ်/တပ် ကိရိယာ  ၅ ခု။ ကျည်ထည့်ကိရိယာ ၄ ခု။ ကော်ဆိုဒ် ၂ ခု။ စနိုက်ပါသေနတ်ထည့်သားရေအိတ် ၄ ခု။ ငွေစက္ကူကျပ် ၄၃၈၅ဝဝိ/-။ မြန်မာလက်ကိုင်ဖုန်း ၁ လုံး။ ထိုင်းလက်ကိုင်ဖုန်း ၁ လုံးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ဆေးဖော်ထုတ်ချက်အရ ဒီလက်နက်ခဲယမ်းတွေကို အခကြေးငွေရယူပြီး သယ်ဆောင်လာတယ် ဆိုတာ ပေါ်ပေါက်တဲ့အတွက် ပတ်သက်သူ ၅ ဦးကို ကျိုင်းတုံရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up