Home
မြန်မာသတင်း
သတ္တမအကြိမ်မြောက် မြန်မာ့ဂီတနေ့ မန္တလေးတွင် ကျင်းပ
DVB
·
June 27, 2019
သတ္တမအကြိမ်မြောက် မြန်မာ့ဂီတနေ့ အထိမ်းအမှတ် ဂီတပွဲတော်ကို မန္တလေးမြို့ အောင်မြင်ခြင်းဟိုတယ်မှာ ဇွန်  ၂၇ ရက် နံနက် ၈နာရီက ကျင်းပခဲ့ပါတယ်။ ဒီပွဲကို မြန်မာနိုင်ငံဂီတအစည်းအရုံး(မန္တလေး)မှ စီစဉ်ကျင်းပတာဖြစ်ပါ၊ ဒီပွဲကို အနယ်နယ်အရပ်ရပ်က မဟာဂီတ၊ စတူရီယိုနဲ့ ခေတ်ပေါ်ဂီတမှ တေးရေးဆရာတွေ အဆိုတော်တွေ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာ့ဂီတနေ့က ဂီတအလွှာပေါင်းစုံနဲ့သက်ဆိုင်ပြီး ဂီတလောကသားတွေ တွေ့ဆုံပြီး ပညာရပ်ဖလှယ်နိုင်ဖို့၊ ဂီတလောကသားတွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြစ်စေဖို့ ရည်ရွယ်ပြီး ကျင်းပတာလို့  မြန်မာနိုင်ငံဂီတအစည်းအရုံး(မန္တလေး) ဒေါက်တာ လှခိုင်က ပြောပါတယ်။ အစဉ်အလာကောင်းမွန်ပြီး မျိုးချစ်စိတ်ထက်သန်စေသော နိုင်ငံတော်သီချင်းပေါက်ဖွားရာ ၁၉၃၆ ခုနှစ် ဇွန် ၂၇ ရက်က တို့ဗမာအစည်းအရုံးရဲ့ လူထုအစည်းအဝေးပွဲမှ ဒို့ဗမာသီချင်းကို သီဆိုခဲ့သည်နေ့၊ နိုင်ငံတော်သီချင်းတစ်ပုဒ်ကို အသိအမှတ်ပြု ပြဋ္ဌာန်းခဲ့သည့်နေ့ကို မြန်မာ့ဂီတနေ့အဖြစ် ၂၀၁၃ ခုနှစ်မှ စတင်သတ်မှတ်ပြီး ကျင်းပလာခဲ့တာပါ။ ဒီပွဲမှာ မြန်မာ့ဂီတပညာရှင်တွေ၊ နိုင်ငံတော် ရွှေတံဆိပ်ဆုရ ဂီတပညာရှင်တွေ၊ လူငယ်ဂီတ ပညာရှင်တွေ၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ တေးဂီတအဖွဲ့တွေ၊ ခေတ်ပေါ်ဂီတပညာရှင်တွေ စတဲ့ အဖွဲ့တွေက လာရောက်ဖျော်ဖြေပေးခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024