ကြည့်ရှုသူ သိန်းချီရှိနေသည့် မိစန္ဒီရဲ့ အလန်းစားသီချင်းသစ် “ပြိုင်ဆိုင်မှုတွေပြင်းထန်နေတယ်” (ရုပ်သံ)

လူငယ်ပရိသတ်တွေကြား ရေပန်းစားအားပေးမှုတွေနဲ့ အခိုင်အမာရပ်တည်ခဲ့တဲ့ ဟစ်ပ်ဟော့ပ်နဲ့ အာရ်အဲန်ဘီအဆိုတော် မိစန္ဒီရဲ့ သီချင်းသစ်တပုဒ်ဟာ ထွက်ရှိပြီး ၄ ရက်အတွင်း ဖေ့စ်ဘွတ်ခ်ပေါ် ၀င်ရောက်ကြည့်ရှုသူ ၆ သိန်းကျော် ရှိပြီ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတယ်လို့ အမည်ပေးထားတဲ့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကိုတော့ မိစန္ဒီက သူ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။ “ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတယ်… ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတယ်… ပြိုင်ဆိုင မှုတွေ ပြင်းထန်နေလည်း… ကြောက်လန့်ငြင်းဆန်မနေပဲ… အစွမ်းကုန် နင်းကန်တွေ ချဲ မယ်” ထွက်ရှိခဲ့ဖူးတဲ့ သူ့သီချင်းတွေရဲ့ ထုံးစံအတိုင်း အမိုက်စား ရက်ပ်သီချင်းတွေ၊ အလန်းစား ရိုက်ချက်တွေနဲ့ ဒီသီချင်းရုပ်သံ ဗွီဒီယိုဖိုင်ဟာလည်း သူ့ရဲ့အမာခံပရိသတ်တွေကြားမှာတော့ နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ မိစန္ဒီက လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက ကိုယ်တိုင်ရေးစပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ “နင်တိုက်ခိုက်လည်း အေးဆေး… မိုနိုပိုလိုဆော့သလို အကွက်မြင်တယ်… ပစ်တိုင်းထောင်လို အရှုံးမပေး… အပြုံးလေးနဲ့ အသက်ရှင်ဆဲ… အသည်းလေးတွေ ပေးထားတဲ့ ပရိသတ်တွေ မျက်မြင်ပဲ။” ရေခဲရိုက်အပြုံး၊ ငါ့ရည်းစားကိုမထိနဲ့၊ ဆုတောင်း၊ ကိုယ့်ရဲ့ သက်တန့်ငယ်စတဲ့ ပရိ သတ်အားပေးမှုတွေ ရယူထားနိုင်ခဲ့တဲ့ မိစန္ဒီဟာ တကိုယ်တော်တေးအယ်လ်ဘမ်တွေ ဖြစ်တဲ့ မိုနိုပိုလီ၊ ပစ်တိုင်းထောင်စတဲ့ သီချင်းခွေတွေအပြင် တခြားအုပ်စုလိုက် တေးအယ် လ်ဘမ်တွေမှာရော အတွဲသီချင်းတွေမှာပါ သီဆိုလှုပ်ရှားနေသူ ဖြစ်ပါတယ်။

More News
Up