Live
Home
မြန်မာသတင်း
မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်က မိတ်ဆွေအဖြစ် ဆက်ရှိသွားမည်
DVB
·
June 27, 2019
အ​မေရိကန်​ပြည်​​ထောင်​စုရဲ့ ၂၄၃ နှစ်​​မြောက်​ လွတ်​လပ်​​ရေး​နေ့ အခမ်းအနားကို ဇွန်​လ ၂၆ ရက်​​ညက ရန်​ကုန်​မြို့မှာ ကျင်းပခဲ့ပါတယ်​။ အ​မေရိကန်​နဲ့ မြန်​မာ နှစ်​နိုင်​ငံအကြား တည်​ရှိတဲ့ ဆက်​ဆံ​ရေးအတွက်​ ဆင်​နွှဲရခြင်းဖြစ်​တယ်​လို့ မြန်​မာနိုင်​ငံဆိုင်ရာ အ​မေရိကန်​ သံအမတ်​ကြီး စ​ကော့မာစီရယ်​က ​ပြောပါတယ်​။ မြန်​မာနိုင်​ငံအ​နေနဲ့ ပို​ကောင်းမွန်​တဲ့ ဒီမိုက​ရေစီ၊ ရေရှည်​တည်​မြဲတဲ့ ငြိမ်းချမ်း​ရေးတို့အတွက်​ ဆက်​လက်​လုပ်​​ဆောင်​တဲ့ အခါမှာ အ​မေရိကန်​အစိုးရက မိတ်​​ဆွေအဖြစ်​ ဆက်​လက်​တည်​ရှိသွားမယ်​လို့ သံအမတ်​ကြီးက ပြောပါတယ်​။ ဒီပွဲကို နိုင်ငံ​တော်​အတိုင်​ပင်​ခံရုံး ဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီး ဦး​ကျော်​တင့်​​ဆွေ အပါအဝင်​ နှစ်​နိုင်​ငံအစိုးရ တာဝန်​ရှိသူ​တွေနဲ့ မြန်​မာနိုင်​ငံအ​ခြေစိုက်​ နိုင်​ငံ​ပေါင်းစုံက သံတမန်​​တွေအပြင်​ အဖွဲ့အစည်းအသီးသီးက လူပုဂ္ဂိုလ်​​တွေ တက်​​ရောက်​ဆင်နွှဲ​ကြပါတယ်​။ သတင်း၊ ဓာတ်ပုံ - စုစု  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024